Vogue Thailand ကတော့ နိုဝင်ဘာ(၁၇)ရက်နေ့မှာ မင်းသမီး Han So Hee နဲ့ပတ်သက်ပြီး Han So Hee’s 24 Favorites ဆိုတဲ့ အင်တာဗျူးအတိုလေးတစ်ခုကိုတင်ခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ အကြိုက်ဆုံးကိုရီးယားစူပါစတားကိုမေးမြန်းတာပါဝင်ခဲ့ပြီး သူကတော့ BLACKPINK လို့ချက်ချင်းဖြေခဲ့တာပါ။ မင်းသမီးကတော့ နောက်ဆုံးထွက်ရှိထားတဲ့အယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ Shut Down ကို ကြိုက်နှစ်သက်ကြောင်း ဖော်ပြခဲ့ပါတယ်။
Han So Hee ကတော့ BLACKPINK အဖွဲ့ဝင်တွေထဲကအကြိုက်ဆုံးတစ်ယောက်ကိုရွေးခိုင်းရာမှာတော့ ရွေးရခက်ခဲ့ပြီး နောက်ဆုံးမှာတော့ Jennie ကိုရွေးခဲ့တာ ဖြစ်ပါတယ်။ ဒီအင်တာဗျူးဗီဒီယိုကတော့ အင်တာနက်မှာမျှဝေမှုများခဲ့ပြီး ပရိသတ်တွေကြားလူပြောများနေတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နာမည်ကျော်မင်းသမီးအဖြစ်နဲ့ရပ်တည်နေတဲ့ Han So Hee ကတော့ (၂၀၁၇) ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။သူကတော့ 100 Days My Prince ၊ The World of the Married ၊Nevertheless နဲ့ My Name စတဲ့ဇာတ်ကားတွေမှာပါဝင်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။
'ฮันโซฮี' ชอบเพลงของ BLACKPINK, ชอบกินปูผัดผงกะหรี่, ชอบผมสีชมพู
Han So-Hee's 24 Favourites
ติดตามชมแบบเต็มๆ ได้ที่ YouTube: Vogue Thailand!#HanSohee #ฮันโซฮี pic.twitter.com/ipZBSbWnOW
— Vogue Thailand (@VogueThailand) November 17, 2022
မကြာခင်မှာထွက်ရှိလာမယ့် Gyeongseong Creature ဆိုတဲ့ဒရမ်မာမှာတော့ မင်းသား Park Seo Joon နဲ့အတူပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒီဒရမ်မာဇာတ်လမ်းတွဲကတော့ Season 2 ထွက်ရှိမယ်လို့လည်း အတည်ပြုထားတာပါ။ ပရိသတ်ကြီးရေး မင်းသမီး Han So Hee ကလည်း Blink တစ်ယောက်ပါပဲတဲ့နော်။
Zawgyi ဖြင့်ဖတ်ရန်
BLACKPINK ကိုႀကိဳက္ႏွစ္သက္ေၾကာင္းေဖာ္ျပခဲ့ၿပီး အႀကိဳက္ဆုံးအဖြဲ႕ဝင္ကိုေ႐ြးခ်ယ္ခဲ့တဲ့ မင္းသမီး Han So Hee
Vogue Thailand ကေတာ့ ႏိုဝင္ဘာ(၁၇)ရက္ေန႔မွာ မင္းသမီး Han So Hee နဲ႔ပတ္သက္ၿပီး Han So Hee’s 24 Favorites ဆိုတဲ့ အင္တာဗ်ဴးအတိုေလးတစ္ခုကိုတင္ခဲ့ပါတယ္။ ဒီဗီဒီယိုထဲမွာေတာ့ အႀကိဳက္ဆုံးကိုရီးယားစူပါစတားကိုေမးျမန္းတာပါဝင္ခဲ့ၿပီး သူကေတာ့ BLACKPINK လို႔ခ်က္ခ်င္းေျဖခဲ့တာပါ။ မင္းသမီးကေတာ့ ေနာက္ဆုံးထြက္ရွိထားတဲ့အယ္လ္ဘမ္ထဲကသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Shut Down ကို ႀကိဳက္ႏွစ္သက္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
Han So Hee ကေတာ့ BLACKPINK အဖြဲ႕ဝင္ေတြထဲကအႀကိဳက္ဆုံးတစ္ေယာက္ကိုေ႐ြးခိုင္းရာမွာေတာ့ ေ႐ြးရခက္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ Jennie ကိုေ႐ြးခဲ့တာ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးဗီဒီယိုကေတာ့ အင္တာနက္မွာမွ်ေဝမႈမ်ားခဲ့ၿပီး ပရိသတ္ေတြၾကားလူေျပာမ်ားေနတာပဲ ျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ နာမည္ေက်ာ္မင္းသမီးအျဖစ္နဲ႔ရပ္တည္ေနတဲ့ Han So Hee ကေတာ့ (၂၀၁၇) ခုႏွစ္မွာ သ႐ုပ္ေဆာင္အလုပ္ကိုစတင္ခဲ့တာျဖစ္ပါတယ္။သူကေတာ့ 100 Days My Prince ၊ The World of the Married ၊Nevertheless နဲ႔ My Name စတဲ့ဇာတ္ကားေတြမွာပါဝင္ခဲ့ဖူးတာပဲ ျဖစ္ပါတယ္။
'ฮันโซฮี' ชอบเพลงของ BLACKPINK, ชอบกินปูผัดผงกะหรี่, ชอบผมสีชมพู
Han So-Hee's 24 Favourites
ติดตามชมแบบเต็มๆ ได้ที่ YouTube: Vogue Thailand!#HanSohee #ฮันโซฮี pic.twitter.com/ipZBSbWnOW
— Vogue Thailand (@VogueThailand) November 17, 2022
မၾကာခင္မွာထြက္ရွိလာမယ့္ Gyeongseong Creature ဆိုတဲ့ဒရမ္မာမွာေတာ့ မင္းသား Park Seo Joon နဲ႔အတူပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ၿပီး ဒီဒရမ္မာဇာတ္လမ္းတြဲကေတာ့ Season 2 ထြက္ရွိမယ္လို႔လည္း အတည္ျပဳထားတာပါ။ ပရိသတ္ႀကီးေရး မင္းသမီး Han So Hee ကလည္း Blink တစ္ေယာက္ပါပဲတဲ့ေနာ္။