ချစ်စရာကောင်းတဲ့အပြုံးလေးတွေကိုပိုင်ဆိုင်ထားတဲ့ မင်းသားChae Jong Hyeopကိုတော့ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေရင်းနှီးကြမှာပါ။ Nevertheless ဇာတ်လမ်းတွဲမှာတော့ ပရိသတ်တော်တော်များများသတိထားမိကြတာလည်း ဖြစ်ပါတယ်။ မင်းသား Chae Jong Hyeop ကတော့ ဒရမ်ဇာတ်ကားသစ် “Is it a Coincidence?” မှာမင်းသမီး Kim So Hyun နဲ့အတူ ပါဝင်သွားမယ်လို့သိရပါတယ်။
Is it a Coincidence? ကတော့ လူငယ်အချစ်ဇာတ်လမ်းတွဲလေးဖြစ်ပြီးလွန်ခဲ့တဲ့(၁၀)နှစ်ကတည်းကဆုံခဲ့ကြတဲ့ Hu Young နဲ့ Hong Ju တို့ကြားက အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်ကဆုံစည်းခဲ့ကြဖူးပြီး အချစ်ဦးနဲ့အချစ်စစ်နဲ့အိမ်မက်ကိုရှာဖွေကြမယ့် Hu Young နဲ့ Hong Ju တို့ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ။
မင်းသား Chae Jong Hyeop ကတော့ ရုပ်ရည်ချောမောပြီး ထက်မြက်တဲ့ financial planner တစ်ယောက်ဖြစ်တဲ့ Hu Young နေရာကပါဝင်ထားပါတယ်။ သူကတော့ ဘဝမှာပျော်ရွှင်မှုတွေပျောက်ဆုံးနေခဲ့ရာမှ ယူအက်စ်ကိုပြောင်းသွားပြီးတဲ့နောက် အထက်တန်းကျောင်းမှသူငယ်ချင်းဖြစ်သူ Hong Ju နဲ့ပြန်လည်တွေ့ဆုံခဲ့ရတာဖြစ်ပြီး မေ့လျော့ထားတဲ့ခံစားချက်ဟောင်းတွေကိုပြန်လည်ရရှိလာတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ဒရမ်မာသစ်မှာမင်းသမီး Kim So Hyun နဲ့အတူအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သွားဖို့အတည်ပြုလိုက်တဲ့ မင်းသား Chae Jong Hyeop