စတင်ပြသချိန်မှာပင် ကြည့်ရှုနှုန်းမြင့်မားစွာရပြီးစံချိန်သစ်တင်နိုင်ခဲ့တဲ့ Song Joong Ki ရဲ့ဒရမ်မာအသစ်

Posted on

မင်းသားချော Song Joong Ki ကတော့Reborn Rich ဆိုတဲ့ ဒရမ်မာနဲ့ပရိသတ်တွေဆီပြန်လာခဲ့ပါပြီ။ သူ့ရဲ့ဒရမ်မာဖြစ်တဲ့ Reborn Rich ကတော့ မပြသခင်အချိန်မှာကတည်းက လူတွေရဲ့စိတ်ဝင်စားမှုကိုရယူထားနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။


Reborn Rich ဟာ ကြွယ်ဝချမ်းသာတဲ့မိသားစုတစ်ခုရဲ့အတွင်းရေးမှူးဟာ မတရားစွပ်စွဲခံသတ်ဖြတ်ခံလိုက်ရပြီးနောက် အဲ့ဒီမိသားစုရဲ့အငယ်ဆုံးသားအဖြစ်ပြန်လည်ဝင်စားတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ရာဒီဇာတ်လမ်းကတော့ အပိုင်း(၁)စတင်ထုတ်လွှင့်ချိန်မှာကြည့်ရှုနှုန်း (၆.၁%) ရာခိုင်နှုန်းရရှိထားတယ်လို့ Nielsen Korea ကဆိုထားပါတယ်။ ဒါကတော့ JTBC ရုပ်သံလိုင်းမှာ (၂၀၂၂) တစ်နှစ်အတွင်း အပိုင်း(၁)စတင်ချိန်မှာကြည့်ရှုနှုန်းအမြင့်ဆုံးရရှိတဲ့ဒရမ်မာဖြစ်လာပါတယ်။


Reborn Rich ဟာ အပိုင်း(၁)မှာတင်ပရိသတ်တွေစိတ်ဝင်စားနေတာဖြစ်ပြီး တစ်ပတ်ကို(၃)ရက်ပြသသွားမယ်လို့ သိရပါတယ်။ မင်းသား Song Joong Ki ကတော့ Hwaran ဆိုတဲ့ဇာတ်ကားအသစ်အတွက် လက်ရှိမှာရိုက်ကူးရေးပြုလုပ်နေတယ်လို့သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

စတင္ျပသခ်ိန္မွာပင္ ၾကည့္ရႈႏႈန္းျမင့္မားစြာရၿပီးစံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ Song Joong Ki ရဲ႕ဒရမ္မာအသစ္
မင္းသားေခ်ာ Song Joong Ki ကေတာ့Reborn Rich ဆိုတဲ့ ဒရမ္မာနဲ႔ပရိသတ္ေတြဆီျပန္လာခဲ့ပါၿပီ။ သူ႔ရဲ႕ဒရမ္မာျဖစ္တဲ့ Reborn Rich ကေတာ့ မျပသခင္အခ်ိန္မွာကတည္းက လူေတြရဲ႕စိတ္ဝင္စားမႈကိုရယူထားႏိုင္တဲ့ဇာတ္လမ္းဇာတ္ကြက္တစ္ခုလည္း ျဖစ္ပါတယ္။


Reborn Rich ဟာ ႂကြယ္ဝခ်မ္းသာတဲ့မိသားစုတစ္ခုရဲ႕အတြင္းေရးမႉးဟာ မတရားစြပ္စြဲခံသတ္ျဖတ္ခံလိုက္ရၿပီးေနာက္ အဲ့ဒီမိသားစုရဲ႕အငယ္ဆုံးသားအျဖစ္ျပန္လည္ဝင္စားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ စိတ္ဝင္စားဖြယ္ရာဒီဇာတ္လမ္းကေတာ့ အပိုင္း(၁)စတင္ထုတ္လႊင့္ခ်ိန္မွာၾကည့္ရႈႏႈန္း (၆.၁%) ရာခိုင္ႏႈန္းရရွိထားတယ္လို႔ Nielsen Korea ကဆိုထားပါတယ္။ ဒါကေတာ့ JTBC ႐ုပ္သံလိုင္းမွာ (၂၀၂၂) တစ္ႏွစ္အတြင္း အပိုင္း(၁)စတင္ခ်ိန္မွာၾကည့္ရႈႏႈန္းအျမင့္ဆုံးရရွိတဲ့ဒရမ္မာျဖစ္လာပါတယ္။


Reborn Rich ဟာ အပိုင္း(၁)မွာတင္ပရိသတ္ေတြစိတ္ဝင္စားေနတာျဖစ္ၿပီး တစ္ပတ္ကို(၃)ရက္ျပသသြားမယ္လို႔ သိရပါတယ္။ မင္းသား Song Joong Ki ကေတာ့ Hwaran ဆိုတဲ့ဇာတ္ကားအသစ္အတြက္ လက္ရွိမွာ႐ိုက္ကူးေရးျပဳလုပ္ေနတယ္လို႔သိရပါတယ္။