ဖျော်ဖြေပွဲမှာအတူပါဝင်သီဆိုပေးခဲ့တာကြောင့် Camila Cabello ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ Jisoo

Posted on

BLACKPINK အဖွဲ့ဝင် Jisoo ကတော့ သူ့ရဲ့ World Tour မှာ ချစ်စရာကောင်းတဲ့ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေကိုဖမ်းစားခဲ့တာ ဖြစ်ပါတယ်။ Camila Cabello ရဲ့သီချင်းLiar နဲ့ဖျော်ဖြေတဲ့အခါမှာလည်း ပရိသတ်တွေရဲ့အားပေးမှုတွေရရှိထားတာပါ။


သူကတော့မကြာသေးခင်က Camila Cabello နဲ့အတူဖျော်ဖြေပြီးတဲ့နောက် သူ့ရဲ့ချစ်ခင်မှုကိုဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာလ(၂၁)ရက်နေ့မှာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ လောစ့်အိန်ဂျလိစ့်မှာပြုလုပ်ခဲ့တဲ့ Born Pink ရဲ့ဖျော်ဖြေပွဲမှာ သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ ဒါ့အပြင် “Camila Cabello နဲ့ဖျော်ဖြေခဲ့ရတာ တော်တော်လေးပျော်စရာကောင်းခဲ့ပါတယ်။ ငါ့ရဲ့စင်မြင့်ဖျော်ဖြေမှုကို ပိုပြီးတောက်ပအောင်လုပ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။” စသဖြင့်ရေးသားခဲ့ပါတယ်။


မကြာသေးခင်ကတော့ Camila Cabello ကတော့ Surprise performance အနေနဲ့ သူ့ရဲ့သီချင်းဖြစ်တဲ့ Liar ကိ Jisoo နဲ့အတူပါဝင်သီဆိုဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာရရှိခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ကတော့ အတွဲညီညီနဲ့ပရိသတ်တွေကို ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်တွေကို ဖန်တီးခဲ့မှာ အမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ေဖ်ာ္ေျဖပြဲမွာအတူပါဝင္သီဆိုေပးခဲ့တာေၾကာင့္ Camila Cabello ကို ေက်းဇူးတင္စကားဆိုလိုက္တဲ့ Jisoo
BLACKPINK အဖြဲ႕ဝင္ Jisoo ကေတာ့ သူ႔ရဲ႕ World Tour မွာ ခ်စ္စရာေကာင္းတဲ့ေဖ်ာ္ေျဖမႈေတြနဲ႔ ပရိသတ္ေတြကိုဖမ္းစားခဲ့တာ ျဖစ္ပါတယ္။ Camila Cabello ရဲ႕သီခ်င္းLiar နဲ႔ေဖ်ာ္ေျဖတဲ့အခါမွာလည္း ပရိသတ္ေတြရဲ႕အားေပးမႈေတြရရွိထားတာပါ။


သူကေတာ့မၾကာေသးခင္က Camila Cabello နဲ႔အတူေဖ်ာ္ေျဖၿပီးတဲ့ေနာက္ သူ႔ရဲ႕ခ်စ္ခင္မႈကိုေဖာ္ျပခဲ့ပါတယ္။ ႏိုဝင္ဘာလ(၂၁)ရက္ေန႔မွာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ေလာစ့္အိန္ဂ်လိစ့္မွာျပဳလုပ္ခဲ့တဲ့ Born Pink ရဲ႕ေဖ်ာ္ေျဖပြဲမွာ သူတို႔ႏွစ္ဦးရဲ႕ပုံရိပ္ေတြကို မွ်ေဝခဲ့ပါတယ္။ ဒါ့အျပင္ “Camila Cabello နဲ႔ေဖ်ာ္ေျဖခဲ့ရတာ ေတာ္ေတာ္ေလးေပ်ာ္စရာေကာင္းခဲ့ပါတယ္။ ငါ့ရဲ႕စင္ျမင့္ေဖ်ာ္ေျဖမႈကို ပိုၿပီးေတာက္ပေအာင္လုပ္ေပးခဲ့တာအတြက္ ေက်းဇူးတင္ပါတယ္။” စသျဖင့္ေရးသားခဲ့ပါတယ္။


မၾကာေသးခင္ကေတာ့ Camila Cabello ကေတာ့ Surprise performance အေနနဲ႔ သူ႔ရဲ႕သီခ်င္းျဖစ္တဲ့ Liar ကိ Jisoo နဲ႔အတူပါဝင္သီဆိုေဖ်ာ္ေျဖခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈမ်ားစြာရရွိခဲ့ပါေသးတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ အတြဲညီညီနဲ႔ပရိသတ္ေတြကို ေပ်ာ္႐ႊင္စရာေကာင္းတဲ့အခိုက္အတန႔္ေတြကို ဖန္တီးခဲ့မွာ အမွန္ပါပဲေနာ္။