မင်းသားKim Soo Hyun နဲ့အတူ Queen of Tears ဒရမ်မာမှာပါဝင်သရုပ်ဆောင်ဖို့ဆွေးနွေးနေတဲ့မင်းသမီး Kim Ji Won

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတွေထဲကတစ်လက်ဖြစ်တဲ့ Kim Ji Won ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Kim Ji Won ကတော့ My Liberation Notes ဇာတ်လမ်းတွဲပြီးနောက်မှာ ပရိသတ်တွေဆီကို ဇာတ်လမ်းတွဲအသစ်နဲ့ပြန်လာမယ့်ပုံပါပဲ။


သူကတော့ Queen of Tears ဆိုတဲ့ဒရမ်မှာမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ဖို့အတွက်ကမ်းလှမ်းထားခြင်းခံရတာ ဖြစ်ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ High Zium Studio ကတော့ သူဟာ Queen of Tearsဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခြင်းခံထားရပြီး အပြုသဘောဆောင်သုံးသပ်နေတယ် လို့ ဆိုပါတယ်။ My Love From the Star ကဲ့သို့နာမည်ကျော်ဇာတ်လမ်းတွဲတွေကို ရေးသားတဲ့ Patk Ji Eun က Queen of Tears ကို ရေးသားထားတာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ ထိပ်တန်းမင်းသားချော Kim Soo Hyun ကပါဝင်သရုပ်ဆောင်ဖို့အတွက်အတည်ပြုထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာမင်းသမီး Kim Ji Won သာပါဝင်ဖြစ်ခဲ့ရင် မင်းသမီးနဲ့ Kim Soo Hyun တို့ကတော့ လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေအဖြစ်နဲ့ပါဝင်သွားမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မင္းသားKim Soo Hyun နဲ႔အတူ Queen of Tears ဒရမ္မာမွာပါဝင္သ႐ုပ္ေဆာင္ဖို႔ေဆြးေႏြးေနတဲ့မင္းသမီး Kim Ji Won
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသမီးေတြထဲကတစ္လက္ျဖစ္တဲ့ Kim Ji Won ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ Kim Ji Won ကေတာ့ My Liberation Notes ဇာတ္လမ္းတြဲၿပီးေနာက္မွာ ပရိသတ္ေတြဆီကို ဇာတ္လမ္းတြဲအသစ္နဲ႔ျပန္လာမယ့္ပုံပါပဲ။
သူကေတာ့ Queen of Tears ဆိုတဲ့ဒရမ္မွာမွာ အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ဖို႔အတြက္ကမ္းလွမ္းထားျခင္းခံရတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ High Zium Studio ကေတာ့ သူဟာ Queen of Tearsဇာတ္လမ္းတြဲအတြက္ ကမ္းလွမ္းျခင္းခံထားရၿပီး အျပဳသေဘာေဆာင္သုံးသပ္ေနတယ္ လို႔ ဆိုပါတယ္။ My Love From the Star ကဲ့သို႔နာမည္ေက်ာ္ဇာတ္လမ္းတြဲေတြကို ေရးသားတဲ့ Patk Ji Eun က Queen of Tears ကို ေရးသားထားတာ ျဖစ္ပါတယ္။


ဒီဇာတ္လမ္းတြဲမွာေတာ့ ထိပ္တန္းမင္းသားေခ်ာ Kim Soo Hyun ကပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္အတည္ျပဳထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာမင္းသမီး Kim Ji Won သာပါဝင္ျဖစ္ခဲ့ရင္ မင္းသမီးနဲ႔ Kim Soo Hyun တို႔ကေတာ့ လက္ထပ္ထားတဲ့ဇနီးေမာင္ႏွံေတြအျဖစ္နဲ႔ပါဝင္သြားမွာ ျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x