(၂၀၂၂) ခုနှစ်ရဲ့ Seoul Success Awards မှာ ပထမဆုံး Daesang ဆုကိုရရှိခဲ့တဲ့ BLACKPINK

Posted on

BLACKPINK အဖွဲ့ကတော့ ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုတွေရရှိနေသလို ဆုတွေကိုလည်း တစ်ခုပြီးတစ်ခုရရှိလျက်ရှိပါတယ်။ BLACKPINK အဖွဲ့ကတော့ အခုနှစ်ရဲ့ Seoul Success Awards မှာ ပထမဆုံးအနေနဲ့ Daesang ဆုကြီးကိုရရှိခဲ့ပါတယ်။


နိုဝင်ဘာလ(၂၁)ရက်နေ့မှာ Grand Hyatt Seoulဟိုတယ်မှာကျင်းပခဲ့တဲ့အခမ်းအနားမှာ အဆိုရှင်ကဏ္ဍအတွက် daesang ဆုကြီးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Seoul Success Awards ကတော့ သိက္ခာကြီးမားတဲ့ဆုပေးပွဲတစ်ခုဖြစ်ပြီး Sports Seoul ကကျင်းပပြုလုပ်ပေးတာပဲဖြစ်ပါတယ်။


BLACKPINK အဖွဲ့ကတော့ ပွဲဦးစထွက်ခဲ့တဲ့ (၂၀၁၆) ခုနှစ်ကတည်းက daesang ဆုကိုရရှိခဲ့ဖူးခြင်းမရှိတာကြောင့် ဒီအကြောင်းအရာဟာလူပြောများနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ BLACKPINK ဟာ World Tour ရှိနေတာဖြစ်ပြီး အလုပ်အချိန်စာရင်းတွေနဲ့မအားလပ်တာကြောင့် ဆုပေးပွဲကိုတက်ပြီး ဆုယူနိုင်ခဲ့ခြင်းမရှိပါဘူး။
Zawgyi ဖြင့်ဖတ်ရန်




