Double Date တွေ့ခဲ့ကြတဲ့ မင်းသမီး Park Shin Hye တို့စုံတွဲနဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung တို့စုံတွဲ

Posted on

နာမည်ကျော်ကြားတဲ့ကြယ်ပွင့်လေးဦးကိုတော့ Double Date နေတာကို ကြုံတောင့်ကြုံခဲတွေ့ရတာကြောင့် ပရိသတ်တွေကြားလူပြောများခဲ့ပါတယ်။ နိုဝင်ဘာလ(၂၂)ရက်နေ့မှာတော့ Girls’ Generation အဖွဲ့ဝင် Sooyoung နဲ့ချစ်သူJung Kyung Ho တို့ကို မင်းသမီး Park Shin Hye နဲ့ Choi Tae Joon တို့ဇနီးမောင်နှံတို့နှစ်ဦးနဲ့အတူ ဘာဘီကျုဆိုင်မှာ အတူစားသောက်နေတာကို တွေ့ရတာပဲ ဖြစ်ပါတယ်။


မင်းသမီး Sooyoung နဲ့ Choi Tae Joon တို့နှစ်ဦးကတော့ So I Married an Anti-Fan ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာရိုက်ကူးပြီးနောက် သူတို့ရဲ့ရင်းနှီးခင်မင်မှုကိုလည်း ပြသခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ခင်မင်မှုကြောင့်အခုလိုရင်းနှီးသွားတယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။


ပရိသတ်တွေကတော့ အခုလိုအခိုက်အတန့်အတွက်ကောင်းမွန်တဲ့မှတ်ချက်တွေပေးခဲ့ကြပြီး (၁၀) နှစ်ကြာတွဲခဲ့ကြတဲ့ Sooyoung နဲ့ Jung Kyung Ho တို့စုံတွဲကိုတော့ မင်္ဂလာဆောင်တော့မလားဆိုပြီးလည်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




