Celine အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်ဖြစ်လာတဲ့ Park Bo Gum

Posted on

အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်ထားပြီးမဒီလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Bo Gum ကတော့ Celine အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သူကတော့ ပြင်သစ်အမှတ်တံဆိပ် Celine ရဲ့ Global Ambassador ဖြစ်လာတဲ့ပထမဆုံးအမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်လာတယ်လို့ W Korea မဂ္ဂဇင်းကအတည်ပြုခဲ့ပါတယ်။


ဒီနှစ်အစောပိုင်းမှာတော့ BLACKPINKအဖွဲ့ဝင် Lisa ၊ BTS အဖွဲ့ဝင် V တို့နဲ့အတူ Celine ရဲ့ 2023 spring/summer menswear collection show ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ဒီသတင်းကတော့ ခေါင်းကြီးပိုင်းမှာပါခဲ့တာလည်း ဖြစ်ပါတယ်။ အမှတ်တံဆိပ်အတွက်ဖန်တီးထားတဲ့ ဒါရိုက်တာ Hedi Slimane ရဲ့ Boy Doll ကော်လက်ရှင်နဲ့အတူ Celine ရဲ့ Global Ambassador တစ်ယောက်အဖြစ်နဲ့ လှုပ်ရှားမှုတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။


ဒီ collection ကတော့ပန့်၊ ရော့ခ်အင်ရိုးနဲ့ စကိတ်ဖက်ရှင်၊ e-boy ဖက်ရှင်စတာတွေအပေါ်မှာ စိတ်ကူးယူပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ မင်းသားချော Park Bo Gum ရဲ့ပုံရိပ်တွေကိုပရိသတ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်

Celine အမွတ္တံဆိပ္ရဲ႕ Global Ambassador တစ္ေယာက္ျဖစ္လာတဲ့ Park Bo Gum
အၿပဳံးခ်ိဳခ်ိဳေလးေတြကိုပိုင္ဆိုင္ထားၿပီးမဒီေလးေတြရဲ႕အသည္းေက်ာ္မင္းသားတစ္လက္ျဖစ္တဲ့ Park Bo Gum ကေတာ့ Celine အမွတ္တံဆိပ္ရဲ႕ Global Ambassador တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။ သူကေတာ့ ျပင္သစ္အမွတ္တံဆိပ္ Celine ရဲ႕ Global Ambassador ျဖစ္လာတဲ့ပထမဆုံးအမ်ိဳးသားသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာတယ္လို႔ W Korea မဂၢဇင္းကအတည္ျပဳခဲ့ပါတယ္။


ဒီႏွစ္အေစာပိုင္းမွာေတာ့ BLACKPINKအဖြဲ႕ဝင္ Lisa ၊ BTS အဖြဲ႕ဝင္ V တို႔နဲ႔အတူ Celine ရဲ႕ 2023 spring/summer menswear collection show ပြဲကို တက္ေရာက္ခဲ့တာျဖစ္ၿပီး ဒီသတင္းကေတာ့ ေခါင္းႀကီးပိုင္းမွာပါခဲ့တာလည္း ျဖစ္ပါတယ္။ အမွတ္တံဆိပ္အတြက္ဖန္တီးထားတဲ့ ဒါ႐ိုက္တာ Hedi Slimane ရဲ႕ Boy Doll ေကာ္လက္ရွင္နဲ႔အတူ Celine ရဲ႕ Global Ambassador တစ္ေယာက္အျဖစ္နဲ႔ လႈပ္ရွားမႈေတြျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။


ဒီ collection ကေတာ့ပန႔္၊ ေရာ့ခ္အင္႐ိုးနဲ႔ စကိတ္ဖက္ရွင္၊ e-boy ဖက္ရွင္စတာေတြအေပၚမွာ စိတ္ကူးယူၿပီး ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ မင္းသားေခ်ာ Park Bo Gum ရဲ႕ပုံရိပ္ေတြကိုပရိသတ္ေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။