သရုပ်ဆောင်မင်းသားချော Song Joong Ki ကတော့ Reborn Rich ဇာတ်ကားနဲ့အတူ ပရိသတ်တွေဆီပြန်လာခဲ့ပါပြီ။ သူကတော့ Good Data Corporation ရဲ့ထုတ်ပြန်ချက်အရ ဒရမ်မာသရုပ်ဆောင်စာရင်းမှာ ရေပန်းစားနေတဲ့မင်းသမီး Kim Hye Soo နဲ့ Han Ji Hyun တို့ကိုကျော်ပြီးတော့ ထိပ်ဆုံးနေရာကို ရယူခဲ့ပါတယ်။
ဒီစာရင်းတွေကတော့ တီဗီပရိုဂရမ်တွေ၊ ဖျော်ဖြေမှုနဲ့ ပေါ်တယ်ဆိုဒ်တွေပေါ်မှာ အင်တာနက်အသုံးပြုသူတွေရဲ့ရှာဖွေမှုအပေါ်မှာမူတည်ပြီးတော့ ရရှိတာပဲ ဖြစ်ပါတယ်။ ဒီစာရင်းတွေအရလက်ရှိမှာ Song Joong Ki ကတော့ နံပါတ်တစ်နေရာကို JTBC ရဲ့ “Reborn Rich“ နဲ့ရှိနေတာဖြစ်ပြီး မင်းသမီး Kim Hye Soo ကတော့ နံပါတ်(၂) နေရာ ၊ နံပါတ်(၃) နဲ့ (၄) ကတော့ မင်းသမီး Han Ji Hyun နဲ့Bae In Hyuk ၊ နံပါတ်(၅) နေရာမှာတော့ Moon Sang Min ကရှိနေတာ ဖြစ်ပါတယ်။
“Reborn Rich” ကတော့ သူ့ရဲ့ကြည့်ရှုနှုန်းဟာ အပိုင်း(၃)မှာ (၁၀.၈၂၆%) အထိရရှိခဲ့တာလို့ Nielsen Korea က ဆိုပါတယ်။ ကလဲ့စားချေတဲ့ဒီဒရမ်မာဇာတ်လမ်းတွဲကတော့ ပရိသတ်စိတ်ဝင်စားမှုများစွာရရှိနေသလို မင်းသား Song Joong Ki ကလည်း ပရိသတ်တွေကြားရေပန်းအစားဆုံးဒရမ်မာသရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်လျက်ရှိနေတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ႏိုဝင္ဘာလတတိယအပတ္ရဲ႕ ဒရမ္မာသ႐ုပ္ေဆာင္စာရင္းမွာထိပ္ဆုံးကရွိေနတဲ့ Song Joong Ki
သ႐ုပ္ေဆာင္မင္းသားေခ်ာ Song Joong Ki ကေတာ့ Reborn Rich ဇာတ္ကားနဲ႔အတူ ပရိသတ္ေတြဆီျပန္လာခဲ့ပါၿပီ။ သူကေတာ့ Good Data Corporation ရဲ႕ထုတ္ျပန္ခ်က္အရ ဒရမ္မာသ႐ုပ္ေဆာင္စာရင္းမွာ ေရပန္းစားေနတဲ့မင္းသမီး Kim Hye Soo နဲ႔ Han Ji Hyun တို႔ကိုေက်ာ္ၿပီးေတာ့ ထိပ္ဆုံးေနရာကို ရယူခဲ့ပါတယ္။
ဒီစာရင္းေတြကေတာ့ တီဗီပ႐ိုဂရမ္ေတြ၊ ေဖ်ာ္ေျဖမႈနဲ႔ ေပၚတယ္ဆိုဒ္ေတြေပၚမွာ အင္တာနက္အသုံးျပဳသူေတြရဲ႕ရွာေဖြမႈအေပၚမွာမူတည္ၿပီးေတာ့ ရရွိတာပဲ ျဖစ္ပါတယ္။ ဒီစာရင္းေတြအရလက္ရွိမွာ Song Joong Ki ကေတာ့ နံပါတ္တစ္ေနရာကို JTBC ရဲ႕ “Reborn Rich“ နဲ႔ရွိေနတာျဖစ္ၿပီး မင္းသမီး Kim Hye Soo ကေတာ့ နံပါတ္(၂) ေနရာ ၊ နံပါတ္(၃) နဲ႔ (၄) ကေတာ့ မင္းသမီး Han Ji Hyun နဲ႔Bae In Hyuk ၊ နံပါတ္(၅) ေနရာမွာေတာ့ Moon Sang Min ကရွိေနတာ ျဖစ္ပါတယ္။
“Reborn Rich” ကေတာ့ သူ႔ရဲ႕ၾကည့္ရႈႏႈန္းဟာ အပိုင္း(၃)မွာ (၁၀.၈၂၆%) အထိရရွိခဲ့တာလို႔ Nielsen Korea က ဆိုပါတယ္။ ကလဲ့စားေခ်တဲ့ဒီဒရမ္မာဇာတ္လမ္းတြဲကေတာ့ ပရိသတ္စိတ္ဝင္စားမႈမ်ားစြာရရွိေနသလို မင္းသား Song Joong Ki ကလည္း ပရိသတ္ေတြၾကားေရပန္းအစားဆုံးဒရမ္မာသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ရပ္တည္လ်က္ရွိေနတာ ျဖစ္ပါတယ္။