စတင်ထုတ်လွှင့်တဲ့သီတင်းပတ်မှာတင် နိုင်ငံပေါင်း(၅၀)မှာထိပ်ဆုံးနေရာကိုရပ်တည်နေတဲ့ Reborn Rich

Posted on

မင်းသားချော Song Joong Ki နဲ့ မင်းသမီး Shin Hyun Bin ပါဝင်သရုပ်ဆောင်ထားတဲ့ Reborn Rich ဒရမ်မာကတော့ ပရိသတ်တွေရဲ့အားပေးမှုများစွာရရှိထားပါတယ်။ ကိုရီးယားနိုင်ငံတွင်းမှာတော့ ကြည့်ရှုနှုန်းဟာ (၁၀%) ကျော်တဲ့အထိရရှိခဲ့ပြီး လူကြိုက်များလျက်ရှိပါတယ်။ ဒါတင်မကသေးဘဲ အခြားနိုင်ငံတွေမှာလည်း လူကြိုက်များလျက်ရှိနေပါတယ်။


ကမ္ဘာနဲ့ချီပြီးကြည့်ရှုသူများတဲ့ Rakuten Viki ပလက်ဖောင်းမှာတော့ Reborn Rich ဒရမ်မာဟာ ထိပ်ဆုံးနေရာမှာရုပ်တည်နေတာ ဖြစ်ပါတယ်။ ဒရမ်မာကတော့ ယူအက်စ်၊ မက္ကစီကို၊ ဘရာဇီးလ်၊ပြင်သစ်၊အီတလီ၊စပိန်၊သြစတေးလျ၊နယူးဇီလန်နဲ့ အိန္ဒိယစတဲ့နိုင်ငံတွေမှာ နံပါတ်တစ်နေရာမှာရှိနေတာပါ။ လူကြည့်များတဲ့ ဒရမ်မာကတော့ အခုထက်ပိုပြီးအောင်မြင်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။


Reborn Rich ဟာ ကြွယ်ဝချမ်းသာတဲ့မိသားစုတစ်ခုရဲ့အတွင်းရေးမှူးဟာ မတရားစွပ်စွဲခံသတ်ဖြတ်ခံလိုက်ရပြီးနောက် အဲ့ဒီမိသားစုရဲ့အငယ်ဆုံးသားအဖြစ်ပြန်လည်ဝင်စားတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

စတင္ထုတ္လႊင့္တဲ့သီတင္းပတ္မွာတင္ ႏိုင္ငံေပါင္း(၅၀)မွာထိပ္ဆုံးေနရာကိုရပ္တည္ေနတဲ့ Reborn Rich
မင္းသားေခ်ာ Song Joong Ki နဲ႔ မင္းသမီး Shin Hyun Bin ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Reborn Rich ဒရမ္မာကေတာ့ ပရိသတ္ေတြရဲ႕အားေပးမႈမ်ားစြာရရွိထားပါတယ္။ ကိုရီးယားႏိုင္ငံတြင္းမွာေတာ့ ၾကည့္ရႈႏႈန္းဟာ (၁၀%) ေက်ာ္တဲ့အထိရရွိခဲ့ၿပီး လူႀကိဳက္မ်ားလ်က္ရွိပါတယ္။ ဒါတင္မကေသးဘဲ အျခားႏိုင္ငံေတြမွာလည္း လူႀကိဳက္မ်ားလ်က္ရွိေနပါတယ္။


ကမာၻနဲ႔ခ်ီၿပီးၾကည့္ရႈသူမ်ားတဲ့ Rakuten Viki ပလက္ေဖာင္းမွာေတာ့ Reborn Rich ဒရမ္မာဟာ ထိပ္ဆုံးေနရာမွာ႐ုပ္တည္ေနတာ ျဖစ္ပါတယ္။ ဒရမ္မာကေတာ့ ယူအက္စ္၊ မကၠစီကို၊ ဘရာဇီးလ္၊ျပင္သစ္၊အီတလီ၊စပိန္၊ၾသစေတးလ်၊နယူးဇီလန္နဲ႔ အိႏၵိယစတဲ့ႏိုင္ငံေတြမွာ နံပါတ္တစ္ေနရာမွာရွိေနတာပါ။ လူၾကည့္မ်ားတဲ့ ဒရမ္မာကေတာ့ အခုထက္ပိုၿပီးေအာင္ျမင္လာမယ္လို႔လည္း ေမွ်ာ္လင့္ရပါတယ္။


Reborn Rich ဟာ ႂကြယ္ဝခ်မ္းသာတဲ့မိသားစုတစ္ခုရဲ႕အတြင္းေရးမႉးဟာ မတရားစြပ္စြဲခံသတ္ျဖတ္ခံလိုက္ရၿပီးေနာက္ အဲ့ဒီမိသားစုရဲ႕အငယ္ဆုံးသားအျဖစ္ျပန္လည္ဝင္စားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။