Pachinko ဇာတ်လမ်းတွဲရဲ့ Season 2 ကို စတင်ရိုက်ကူးတော့မယ့် မင်းသားချော Lee Min Ho

Posted on

ကေဒရမ်မာမင်းသားတွေထဲက ပရိသတ်တွေအကြိုက်နှစ်ဆုံးမင်းသားတွေထဲမှာတော့ မင်းသားချော Lee Min Ho လည်း ပါဝင်ပါတယ်။ သူကတော့ အောင်မြင်မှုတွေရရှိထားသလို အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မင်းသားကတော့ Ask The Stars ဆိုတဲ့ဒရမ်မာကို နာမည်ကျော်မင်းသမီး Gong Hyo Jin နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။


မင်းသားချော Lee Min Ho ကတော့ Ask The Stars ရိုက်ကူးပြီးနောက်မှာ Pachinko ဇာတ်လမ်းတွဲရဲ့ Season 2 ကိုဆက်လက်ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်နိုင်ငံကိုပြောင်းရွှေ့သွားတဲ့ မိသားစုအပေါ်အခြေခံထားပါတယ်။ ဒီဇာတ်လမ်းဟာ (၁၈၈၃) ခုနှစ်မှာစတင်ခဲ့ပြီး (၁၉၁၀-၁၉၈၉) ခုနှစ်ကြားကအဖြစ်အပျက်တွေကို ရိုက်ကူးထားတာပါ။
မင်းသားကတော့ (၂၀၂၃)ခုနှစ်နှစ်စပိုင်းမှာစတင်ပြီးရိုက်ကူးသွားတော့မယ်လို့ သိရပါတယ်။


မင်းသမီးကြီး Youn Yuh Jung နဲ့ မင်းသမီး Kim Min Ha တို့ကတော့ Season 1 ရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ခဲ့ကြပြီး Season 2 မှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ မင်းသားကတော့ ကနေဒါနိုင်ငံကိုရိုက်ကူးရေးအတွက်သွားရောက်လည်ပတ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Pachinko ဇာတ္လမ္းတြဲရဲ႕ Season 2 ကို စတင္႐ိုက္ကူးေတာ့မယ့္ မင္းသားေခ်ာ Lee Min Ho
ေကဒရမ္မာမင္းသားေတြထဲက ပရိသတ္ေတြအႀကိဳက္ႏွစ္ဆုံးမင္းသားေတြထဲမွာေတာ့ မင္းသားေခ်ာ Lee Min Ho လည္း ပါဝင္ပါတယ္။ သူကေတာ့ ေအာင္ျမင္မႈေတြရရွိထားသလို အႏုပညာအလုပ္ေတြဆက္တိုက္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ မင္းသားကေတာ့ Ask The Stars ဆိုတဲ့ဒရမ္မာကို နာမည္ေက်ာ္မင္းသမီး Gong Hyo Jin နဲ႔အတူ ႐ိုက္ကူးေနတာ ျဖစ္ပါတယ္။


မင္းသားေခ်ာ Lee Min Ho ကေတာ့ Ask The Stars ႐ိုက္ကူးၿပီးေနာက္မွာ Pachinko ဇာတ္လမ္းတြဲရဲ႕ Season 2 ကိုဆက္လက္႐ိုက္ကူးသြားမွာပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာဒုတိယကမာၻစစ္အတြင္းမွာ ဂ်ပန္ႏိုင္ငံကိုေျပာင္းေ႐ႊ႕သြားတဲ့ မိသားစုအေပၚအေျခခံထားပါတယ္။ ဒီဇာတ္လမ္းဟာ (၁၈၈၃) ခုႏွစ္မွာစတင္ခဲ့ၿပီး (၁၉၁၀-၁၉၈၉) ခုႏွစ္ၾကားကအျဖစ္အပ်က္ေတြကို ႐ိုက္ကူးထားတာပါ။
မင္းသားကေတာ့ (၂၀၂၃)ခုႏွစ္ႏွစ္စပိုင္းမွာစတင္ၿပီး႐ိုက္ကူးသြားေတာ့မယ္လို႔ သိရပါတယ္။


မင္းသမီးႀကီး Youn Yuh Jung နဲ႔ မင္းသမီး Kim Min Ha တို႔ကေတာ့ Season 1 ရဲ႕ အဓိကဇာတ္ေဆာင္ေတြျဖစ္ခဲ့ၾကၿပီး Season 2 မွာလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ မင္းသားကေတာ့ ကေနဒါႏိုင္ငံကို႐ိုက္ကူးေရးအတြက္သြားေရာက္လည္ပတ္ဖို႔ရွိတယ္လို႔လည္း သိရပါတယ္။