မြောက်အမေရိကမှာဖျော်ဖြေမှုတွေလုပ်နေတဲ့ BLACKPINK နဲ့တွေဆုံခဲ့ကာအားပေးကြောင်းပြသခဲ့တဲ့ Selena Gomez

Posted on

မြောက်အမေရိကမှာဖျော်ဖြေမှုတွေလုပ်နေတဲ့ BLACKPINK အဖွဲ့ဝင်တွေကို အားပေးကြောင်း Selena Gomez ကတော့ ပြသခဲ့ပါတယ်။ နိုဝင်ဘာလ(၂၇)ရက်နေ့ကတော့ သူ့ရဲ့ တွစ်တာအကောင့်မှာ ဖျော်ဖြေရေးစင်မြင့်နောက်ကွယ်မှာ BLACKPINK အဖွဲ့ဝင်တွေနဲ့ရိုက်ကူးထားတဲ့ပုံရိပ်ကို Selpink chillin လို့ရေးသားပြီးတင်ခဲ့ပါတယ်။


Selena နဲ့အတူ Jisoo ၊ Rosé ၊ Jennie နဲ့ Lisa တို့က တစ်ယောက်နဲ့တစ်ယောက်တွဲဖက်ထားတဲ့ပုံက သူတို့ရဲ့ရင်းနှီးမှုကိုပြနေတာလည်း ဖြစ်ပါတယ်။ တစ်ချိန်က Ice Cream သီချင်းကိုတွဲဖက်ဖန်တီးခဲ့တဲ့သူတို့တွေကတော့ ရင်းနှီးတဲ့ဆက်ဆံရေးနဲ့အတူ တစ်ယောက်နဲ့တစ်ယောက်အားပေးနေကြတာ ကြည်နူးစရာပါပဲ။ ဒီပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားစိတ်ဝင်စားမှုမြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။


BLACKPINK ကတော့ မြောက်အမေရိကမှာဖျော်ဖြေနေတာဖြစ်ပြီး ပြီးနောက်မှာ ဥရောပတလွှားက London၊ Barcelona၊ Cologne၊ Paris၊ Copenhagen၊ Berlin နဲ့ Amsterdam စတဲ့မြို့တွေမှာ ဖျော်ဖြေသွားမှာပါ။
Zawgyiဖြင့်ဖတ်ရန်

ေျမာက္အေမရိကမွာေဖ်ာ္ေျဖမႈေတြလုပ္ေနတဲ့ BLACKPINK နဲ႔ေတြဆုံခဲ့ကာအားေပးေၾကာင္းျပသခဲ့တဲ့ Selena Gomez
ေျမာက္အေမရိကမွာေဖ်ာ္ေျဖမႈေတြလုပ္ေနတဲ့ BLACKPINK အဖြဲ႕ဝင္ေတြကို အားေပးေၾကာင္း Selena Gomez ကေတာ့ ျပသခဲ့ပါတယ္။ ႏိုဝင္ဘာလ(၂၇)ရက္ေန႔ကေတာ့ သူ႔ရဲ႕ တြစ္တာအေကာင့္မွာ ေဖ်ာ္ေျဖေရးစင္ျမင့္ေနာက္ကြယ္မွာ BLACKPINK အဖြဲ႕ဝင္ေတြနဲ႔႐ိုက္ကူးထားတဲ့ပုံရိပ္ကို Selpink chillin လို႔ေရးသားၿပီးတင္ခဲ့ပါတယ္။


Selena နဲ႔အတူ Jisoo ၊ Rosé ၊ Jennie နဲ႔ Lisa တို႔က တစ္ေယာက္နဲ႔တစ္ေယာက္တြဲဖက္ထားတဲ့ပုံက သူတို႔ရဲ႕ရင္းႏွီးမႈကိုျပေနတာလည္း ျဖစ္ပါတယ္။ တစ္ခ်ိန္က Ice Cream သီခ်င္းကိုတြဲဖက္ဖန္တီးခဲ့တဲ့သူတို႔ေတြကေတာ့ ရင္းႏွီးတဲ့ဆက္ဆံေရးနဲ႔အတူ တစ္ေယာက္နဲ႔တစ္ေယာက္အားေပးေနၾကတာ ၾကည္ႏူးစရာပါပဲ။ ဒီပုံရိပ္ေလးေတြကေတာ့ ပရိသတ္ေတြၾကားစိတ္ဝင္စားမႈျမင့္တက္ေစခဲ့တာလည္း ျဖစ္ပါတယ္။


BLACKPINK ကေတာ့ ေျမာက္အေမရိကမွာေဖ်ာ္ေျဖေနတာျဖစ္ၿပီး ၿပီးေနာက္မွာ ဥေရာပတလႊားက London၊ Barcelona၊ Cologne၊ Paris၊ Copenhagen၊ Berlin နဲ႔ Amsterdam စတဲ့ၿမိဳ႕ေတြမွာ ေဖ်ာ္ေျဖသြားမွာပါ။