ကော်ဇောနီထက်မှာ ထူးခြားတဲ့အလှတွေနဲ့ဖမ်းစားခဲ့တဲ့ Alchemy of Souls ဇာတ်လမ်းတွဲမင်းသမီး Go Yoon Jung

Posted on

Alchemy of Souls ဇာတ်လမ်းတွဲမင်းသမီး Go Yoon Jung ကတော့ Blue Dragon Film Awards ပွဲရဲ့ကော်ဇော်နီထက်မှာ တောက်ပတဲ့အလှတရားတွေနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ သူကတော့ Alchemy of Souls ဇာတ်လမ်းတွဲရဲ့ Season 1 မှာပါဝင်ခဲ့ပြီး Season 2 မှာလည်း အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့သူပါ။


ဒါကြောင့်လည်း မင်းသမီး Go Yoon Jung ကိုတော့Alchemy of Souls: Light and Shadow ရဲ့ဇာတ်ဆောင်မင်းသမီးအဖြစ်လူသိများကြပါတယ်။ မင်းသမီးကတော့ (၄၃)ကြိမ်မြောက်Blue Dragon Film Awards ပွဲကို တက်ရောက်ခဲ့တာပါ။ ဒီလိုပွဲမှာတော့ ဂျာနယ်လစ်တွေဟာရှုထောင့်ပေါင်းစုံကနေရိုက်ကြပေမယ့် အမိုက်ဆုံးရိုက်ချက်တွေဖြစ်တဲ့အထိပြင်ဆင်ခွင့်မရတာကို သိကြမှာပါ။


Go Yoon Jung ကတော့ လျှပ်တပြက်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေမှာတောင်မှ အံ့သြလောက်အောင်လှပနေခဲ့ပါတယ်။ သူကတော့ လှပတဲ့အသားအရေနဲ့လိုက်ဖက်စွာအနက်ရောက်ဇာဝတ်စုံကိုရွေးချယ်ဝတ်ဆင်ထားပြီး ထူးထူးခြားခြားလှပနေခဲ့ပါတယ်။ ဒီဆုပေးပွဲမှာအလိုက်ဖက်ဆုံးဝတ်စားဆင်ယင်ခဲ့သူတွေထဲကတစ်ယောက်အဖြစ်ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




