သားဦးလေးမွေးဖွားသွားပြီဖြစ်တဲ့ မင်းသမီးချော Son Ye Jin

Posted on

ပရိသတ်တွေချစ်ရတဲ့ Hyun Bin နဲ့ Son Ye Jin တို့ဇနီးမောင်နှံရဲ့သတင်းကောင်းက ရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။အခုဆိုရင် မင်းသမီး Son Ye Jin ကတော့ သားဦးလေးကိုကျန်းမာစွာနဲ့မွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။


နိုဝင်ဘာလ(၂၇)ရက်နေ့မှာတော့ မင်းသမီး Son Ye Jin ရဲ့အေဂျင်စီ Msteem Entertainment က မီဒီယာတွေကို Son Ye Jin ကတော့ “ဒီနေ့မှာသားလေးကိုမွေးဖွားခဲ့ပါပြီ။ မိခင်ရောကလေးပါ ကျန်းမာပါတယ်။” ဆိုပြီးတော့ အတည်ပြုခဲ့ပါတယ်။ မင်းသမီးကတော့ ဒီဇင်ဘာလထဲမှာမွေးဖွားဖို့စီစဉ်ထားပေမယ့် မှန်းထားတဲ့ရက်ထက်စောပြီး မွေးဖွားခဲ့တာပါ။


ဒီနှစ်ရဲ့မတ်လမှာတော့ Son Ye Jin ဟာမင်းသား Hyun Bin နဲ့အတူလက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒီစုံတွဲကတော့ တစ်နှစ်ကျော်တွဲပြီးနောက်မှာတော့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇွန်လမှာတော့ သားလေးကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း အသိပေးခဲ့တာပါ။ အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့အတွက် Congradulations ပါ။
Zawgyi ဖြင့်ဖတ်ရန်



