ကြည့်ရှုနှုန်းမြင့်မားစွာဆက်တိုက်ရရှိနေတဲ့ Reborn Rich နဲ့ Under the Queen’s Umbrella ဒရမ်မာ

Posted on

အခုလကတော့ ဇာတ်လမ်းတွဲကောင်းတွေနဲ့ ပရိသတ်အကြိုက်တွေ့နေရတယ်လို့ဆိုရမှာပါ။ အဲ့ဒီအထဲကမှ Reborn Rich နဲ့ Under the Queen’s Umbrella ဇာတ်လမ်းတွဲတွေကတော့ လူကြည့်များလျက်ရှိနေတာပါ။ မင်းသားချော Song Joong Ki ပါဝင်ထားတဲ့ Reborn Rich ဇာတ်လမ်းတွဲကတော့ အပိုင်း(၂)မှာကြည့်ရှုနှုန်း(၁၀%)ကျော်ခဲ့တာဖြစ်ပြီး အပိုင်း(၆) မှာတင် ကြည့်ရှုနှုန်း(၁၄.၉%) အထိကိုစံချိန်တင်ရရှိခဲ့ပါတယ်။


Reborn Rich ဟာ ကြွယ်ဝချမ်းသာတဲ့မိသားစုတစ်ခုရဲ့အတွင်းရေးမှူးဟာ မတရားစွပ်စွဲခံသတ်ဖြတ်ခံလိုက်ရပြီးနောက် အဲ့ဒီမိသားစုရဲ့အငယ်ဆုံးသားအဖြစ်ပြန်လည်ဝင်စားတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်းသမီး Kim Hye Soo ပါဝင်ထားတဲ့ Under the Queen’s Umbrella ဇာတ်ကားဟာလည်းပဲ ဇာတ်သိမ်းပိုင်းရောက်ဖို့တစ်ပတ်ပဲလိုတော့တာတောင်မှ ကြည့်ရှုနှုန်းကဆက်လက်ကောင်းမွန်နေတာပဲ ဖြစ်ပါတယ်။


Under the Queen’s Umbrella ကတော့ နန်းတော်အတွင်းမှာပြဿနာတွေကိုသာဖြစ်စေတဲ့မင်းသားတွေကို နန်းလျာအတွက်သင့်တော်တဲ့သူတွေဖြစ်အောင်ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဂျိုဆွန်းမင်းဆက်ရဲ့ ထိပ်တန်း(၁%)သောသူတွေရဲ့အထူးသင်ကြားခွင့်ရတဲ့ပညာရေးကိုအဓိကထားပြသသွားတာလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကတော့ (၁၄.၁%) အထိကြည့်ရှုနှုန်းရရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးကရာ ဘယ်ဇာတ်ကားတွေကိုကြည့်ရှုနေလဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ၾကည့္ရႈႏႈန္းျမင့္မားစြာဆက္တိုက္ရရွိေနတဲ့ Reborn Rich နဲ႔ Under the Queen’s Umbrella ဒရမ္မာ
အခုလကေတာ့ ဇာတ္လမ္းတြဲေကာင္းေတြနဲ႔ ပရိသတ္အႀကိဳက္ေတြ႕ေနရတယ္လို႔ဆိုရမွာပါ။ အဲ့ဒီအထဲကမွ Reborn Rich နဲ႔ Under the Queen’s Umbrella ဇာတ္လမ္းတြဲေတြကေတာ့ လူၾကည့္မ်ားလ်က္ရွိေနတာပါ။ မင္းသားေခ်ာ Song Joong Ki ပါဝင္ထားတဲ့ Reborn Rich ဇာတ္လမ္းတြဲကေတာ့ အပိုင္း(၂)မွာၾကည့္ရႈႏႈန္း(၁၀%)ေက်ာ္ခဲ့တာျဖစ္ၿပီး အပိုင္း(၆) မွာတင္ ၾကည့္ရႈႏႈန္း(၁၄.၉%) အထိကိုစံခ်ိန္တင္ရရွိခဲ့ပါတယ္။


Reborn Rich ဟာ ႂကြယ္ဝခ်မ္းသာတဲ့မိသားစုတစ္ခုရဲ႕အတြင္းေရးမႉးဟာ မတရားစြပ္စြဲခံသတ္ျဖတ္ခံလိုက္ရၿပီးေနာက္ အဲ့ဒီမိသားစုရဲ႕အငယ္ဆုံးသားအျဖစ္ျပန္လည္ဝင္စားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ မင္းသမီး Kim Hye Soo ပါဝင္ထားတဲ့ Under the Queen’s Umbrella ဇာတ္ကားဟာလည္းပဲ ဇာတ္သိမ္းပိုင္းေရာက္ဖို႔တစ္ပတ္ပဲလိုေတာ့တာေတာင္မွ ၾကည့္ရႈႏႈန္းကဆက္လက္ေကာင္းမြန္ေနတာပဲ ျဖစ္ပါတယ္။


Under the Queen’s Umbrella ကေတာ့ နန္းေတာ္အတြင္းမွာျပႆနာေတြကိုသာျဖစ္ေစတဲ့မင္းသားေတြကို နန္းလ်ာအတြက္သင့္ေတာ္တဲ့သူေတြျဖစ္ေအာင္ႀကိဳးစားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာျဖစ္ၿပီး ဂ်ိဳဆြန္းမင္းဆက္ရဲ႕ ထိပ္တန္း(၁%)ေသာသူေတြရဲ႕အထူးသင္ၾကားခြင့္ရတဲ့ပညာေရးကိုအဓိကထားျပသသြားတာလည္း ျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲကေတာ့ (၁၄.၁%) အထိၾကည့္ရႈႏႈန္းရရွိေနတာလည္း ျဖစ္ပါတယ္။ ပရိသတ္ႀကီးကရာ ဘယ္ဇာတ္ကားေတြကိုၾကည့္ရႈေနလဲေနာ္။