ကုမ္ပဏီပေါင်းအခု(၂၀)ကျော်ကနေ ကြော်ငြာရိုက်ကူးဖို့အတွက်ကမ်းလှမ်းခြင်းခံနေရတဲ့ မင်းသားချော Moon Sang Min

Posted on

Under The Queen’s Umbrella ဇာတ်လမ်းတွဲရဲ့မင်းသား Moon Sang Min ကတော့ သူ့ရဲ့လူသိများကျော်ကြားလာမှုနဲ့အတူ ကုမ္ပဏီပေါင်းအခု(၂၀)ကျော်ကနေ ကြော်ငြာရိုက်ကူးဖို့အတွက်ကမ်းလှမ်းခြင်းခံနေရတယ်လို့ သိရပါတယ်။ သူကတော့ My Name ဇာတ်ကားနဲ့ပွဲဦးထွက်ခဲ့ပြီး Under The Queen’s Umbrella မှာတော့ အဓိကဇာတ်ဆောင်နေရာကပါဝင်ခဲ့တာပါ။


တည်ငြိမ်တဲ့သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မြင့်မားတဲ့အရပ်၊ ချောမောတဲ့ရုပ်ရည်တွေပိုင်ဆိုင်ထားတဲ့ Moon Sang Min ကတော့ တရားမျှပြီး လွတ်လပ်တဲ့စိတ်ထားကိုပိုင်ဆိုင်တဲ့ တော်ဝင်မင်းသား Seongnam အဖြစ်နဲ့ပရိသတ်တွေအချစ်ကို ရယူနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကိုထုတ်လွှင့်နေစဉ်မှာလည်း သူ့ရဲ့နာမည်ဟာ ရှာဖွေမှုအများဆုံးအဖြစ်ရှိနေပြီး စိတ်ဝင်စားမှုများစွာရရှိနေတာလို့ ပြောရပါမယ်။


ကျော်ကြားလာမှုနဲ့အတူအမှတ်တံဆိပ်တွေကစိတ်ဝင်စားနေကြပြီး Moon Sang Min နဲ့အတူကုမ္ပဏီပေါင်းအခု(၂၀)ကျော်ကတော့ လက်ရှိမှာလက်တွဲပြီးအလုပ်လုပ်ချင်နေကြတာလည်း ဖြစ်ပါတယ်။ Awesome Entertainment ကတော့ “ဖက်ရှင်အမှတ်တံဆိပ်၊ အွန်လိုင်းစတိုး၊ ကိတ်မုန့်ဆိုင်များ၊ နာရီ၊ ပညာရေးလုပ်ငန်း နဲ့အခြားလုပ်ငန်းတွေကလည်း ကမ်းလှမ်းမှုတွေရရှိနေပါတယ်။ သူ့ရဲ့ဇာတ်ကောင်ပုံစံကိုဖော်ပြမှုနဲ့ ရုပ်ရည်၊ စတိုင်တွေကြောင့် ကြော်ငြာတွေအပြင် ပရော့ဂျက်အသစ်တွေလည်း လက်ခံရရှိထားပါတယ်” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကုမၸဏီေပါင္းအခု(၂၀)ေက်ာ္ကေန ေၾကာ္ျငာ႐ိုက္ကူးဖို႔အတြက္ကမ္းလွမ္းျခင္းခံေနရတဲ့ မင္းသားေခ်ာ Moon Sang Min
Under The Queen’s Umbrella ဇာတ္လမ္းတြဲရဲ႕မင္းသား Moon Sang Min ကေတာ့ သူ႔ရဲ႕လူသိမ်ားေက်ာ္ၾကားလာမႈနဲ႔အတူ ကုမၸဏီေပါင္းအခု(၂၀)ေက်ာ္ကေန ေၾကာ္ျငာ႐ိုက္ကူးဖို႔အတြက္ကမ္းလွမ္းျခင္းခံေနရတယ္လို႔ သိရပါတယ္။ သူကေတာ့ My Name ဇာတ္ကားနဲ႔ပြဲဦးထြက္ခဲ့ၿပီး Under The Queen’s Umbrella မွာေတာ့ အဓိကဇာတ္ေဆာင္ေနရာကပါဝင္ခဲ့တာပါ။


တည္ၿငိမ္တဲ့သ႐ုပ္ေဆာင္စြမ္းရည္ေတြနဲ႔အတူ ျမင့္မားတဲ့အရပ္၊ ေခ်ာေမာတဲ့႐ုပ္ရည္ေတြပိုင္ဆိုင္ထားတဲ့ Moon Sang Min ကေတာ့ တရားမွ်ၿပီး လြတ္လပ္တဲ့စိတ္ထားကိုပိုင္ဆိုင္တဲ့ ေတာ္ဝင္မင္းသား Seongnam အျဖစ္နဲ႔ပရိသတ္ေတြအခ်စ္ကို ရယူႏိုင္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကိုထုတ္လႊင့္ေနစဥ္မွာလည္း သူ႔ရဲ႕နာမည္ဟာ ရွာေဖြမႈအမ်ားဆုံးအျဖစ္ရွိေနၿပီး စိတ္ဝင္စားမႈမ်ားစြာရရွိေနတာလို႔ ေျပာရပါမယ္။


ေက်ာ္ၾကားလာမႈနဲ႔အတူအမွတ္တံဆိပ္ေတြကစိတ္ဝင္စားေနၾကၿပီး Moon Sang Min နဲ႔အတူကုမၸဏီေပါင္းအခု(၂၀)ေက်ာ္ကေတာ့ လက္ရွိမွာလက္တြဲၿပီးအလုပ္လုပ္ခ်င္ေနၾကတာလည္း ျဖစ္ပါတယ္။ Awesome Entertainment ကေတာ့ “ဖက္ရွင္အမွတ္တံဆိပ္၊ အြန္လိုင္းစတိုး၊ ကိတ္မုန႔္ဆိုင္မ်ား၊ နာရီ၊ ပညာေရးလုပ္ငန္း နဲ႔အျခားလုပ္ငန္းေတြကလည္း ကမ္းလွမ္းမႈေတြရရွိေနပါတယ္။ သူ႔ရဲ႕ဇာတ္ေကာင္ပုံစံကိုေဖာ္ျပမႈနဲ႔ ႐ုပ္ရည္၊ စတိုင္ေတြေၾကာင့္ ေၾကာ္ျငာေတြအျပင္ ပေရာ့ဂ်က္အသစ္ေတြလည္း လက္ခံရရွိထားပါတယ္” လို႔ ဆိုပါတယ္။