အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သော်လည်း ဇာတ်ဝင်ခန်းပါဝင်မှုနည်းပါးတဲ့ မင်းသမီး Shin Hyun Bin

Posted on

လက်ရှိမှာပရိသတ်တွေကြားရေပန်းစားနေတဲ့ဇာတ်လမ်းတွဲကတော့ Reborn Rich ဖြစ်ပြီး လူကြည့်များလျက်ရှိနေတာပါ။ ဇာတ်လမ်းဇာတ်အိမ်နဲ့ပါဝင်ထားတဲ့သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီးချီးမွမ်းမှုတွေရရှိသောလည်း မင်းသမီး Shin Hyun Bin ဟာ Song Joong Ki ရဲ့တွဲဖက်ဇာတ်ဆောင်မင်းသမီးဖြစ်သော်လည်း screen time မရရှိခြင်းအပေါ်ထောက်ပြခဲ့ကြတဲ့သူတွေလည်း ရှိပါတယ်။


ဇာတ်လမ်းအရ Shin Hyu Bin ရဲ့ဇာတ်ရုပ်ဖြစ်တဲ့ Seo Min Young ဟာ Jin Do Joon နဲ့အတူပူးပေါင်းပြီး Soonyang အုပ်စုကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်။ အပိုင်း(၆)ပိုင်းပြီးဆုံးသွားတဲ့အချိန်အထိသူပါဝင်ထားတဲ့ဇာတ်ဝင်ခန်းနည်းပါးမှုနဲ့သူ့ရဲ့ဇာတ်ကောင်အခန်းကဏ္ဍကိုတော့ ထောက်ပြခဲ့ကြပါတယ်။ ထပ်မံပြသမယ့်အပိုင်းမှာလည်း ပိုပြီးတော့ Song Joong Ki နဲ့အတူပါဝင်တဲ့ secreen time တွေများလာဖို့မျှော်လင့်နေကြတာပါ။


Shin Hyun Bin ရဲ့ဇာတ်ရုပ်ကတော့ ကြောက်ရွံ့မှုမရှိတဲ့ရှေ့နေတစ်ယောက်နေရာက ဖြစ်ပါတယ်။ သူကတော့အံ့မခန်းသရုပ်ဆောင်စွမ်းရည်ကိုပိုင်ဆိုင်ထားပေမဲ့ ရှေ့နေဇာတ်ရုပ်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေရှိနေသလို (၂၀)ကျော်ဇာတ်ရုပ်အတွက်လည်းအသက်ကြီးနေတယ်လို့ပြောတာလည်း ဖြစ်ပါတယ်။ သူကတော့ (၂၀၁၀) ခုနှစ်ကပွဲဦးထွက်ခဲ့တာဖြစ်ပြီး ဒရမ်မာဇာတ်လမ်းတွဲများစွာနဲ့အတူ သရုပ်ဆောင်စွမ်းရည်နဲ့ပတ်သက်ပြီး ချီးမွမ်းမှုတွေရရှိထားသူဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အဓိကဇာတ္ေဆာင္မင္းသမီးျဖစ္ေသာ္လည္း ဇာတ္ဝင္ခန္းပါဝင္မႈနည္းပါးတဲ့ မင္းသမီး Shin Hyun Bin
လက္ရွိမွာပရိသတ္ေတြၾကားေရပန္းစားေနတဲ့ဇာတ္လမ္းတြဲကေတာ့ Reborn Rich ျဖစ္ၿပီး လူၾကည့္မ်ားလ်က္ရွိေနတာပါ။ ဇာတ္လမ္းဇာတ္အိမ္နဲ႔ပါဝင္ထားတဲ့သ႐ုပ္ေဆာင္ေတြနဲ႔ပတ္သက္ၿပီးခ်ီးမြမ္းမႈေတြရရွိေသာလည္း မင္းသမီး Shin Hyun Bin ဟာ Song Joong Ki ရဲ႕တြဲဖက္ဇာတ္ေဆာင္မင္းသမီးျဖစ္ေသာ္လည္း screen time မရရွိျခင္းအေပၚေထာက္ျပခဲ့ၾကတဲ့သူေတြလည္း ရွိပါတယ္။


ဇာတ္လမ္းအရ Shin Hyu Bin ရဲ႕ဇာတ္႐ုပ္ျဖစ္တဲ့ Seo Min Young ဟာ Jin Do Joon နဲ႔အတူပူးေပါင္းၿပီး Soonyang အုပ္စုကိုတိုက္ခိုက္ဖို႔ျဖစ္ပါတယ္။ အပိုင္း(၆)ပိုင္းၿပီးဆုံးသြားတဲ့အခ်ိန္အထိသူပါဝင္ထားတဲ့ဇာတ္ဝင္ခန္းနည္းပါးမႈနဲ႔သူ႔ရဲ႕ဇာတ္ေကာင္အခန္းက႑ကိုေတာ့ ေထာက္ျပခဲ့ၾကပါတယ္။ ထပ္မံျပသမယ့္အပိုင္းမွာလည္း ပိုၿပီးေတာ့ Song Joong Ki နဲ႔အတူပါဝင္တဲ့ secreen time ေတြမ်ားလာဖို႔ေမွ်ာ္လင့္ေနၾကတာပါ။


Shin Hyun Bin ရဲ႕ဇာတ္႐ုပ္ကေတာ့ ေၾကာက္႐ြံ႕မႈမရွိတဲ့ေရွ႕ေနတစ္ေယာက္ေနရာက ျဖစ္ပါတယ္။ သူကေတာ့အံ့မခန္းသ႐ုပ္ေဆာင္စြမ္းရည္ကိုပိုင္ဆိုင္ထားေပမဲ့ ေရွ႕ေနဇာတ္႐ုပ္နဲ႔ပတ္သက္ၿပီးေဝဖန္မႈေတြရွိေနသလို (၂၀)ေက်ာ္ဇာတ္႐ုပ္အတြက္လည္းအသက္ႀကီးေနတယ္လို႔ေျပာတာလည္း ျဖစ္ပါတယ္။ သူကေတာ့ (၂၀၁၀) ခုႏွစ္ကပြဲဦးထြက္ခဲ့တာျဖစ္ၿပီး ဒရမ္မာဇာတ္လမ္းတြဲမ်ားစြာနဲ႔အတူ သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ပတ္သက္ၿပီး ခ်ီးမြမ္းမႈေတြရရွိထားသူျဖစ္ပါတယ္။