Park Shin Hye နဲ့ Park Hyung Sik တို့နှစ်ဦးဟာဒရမ်မာအသစ် Doctor Slump မှာပါဝင်ဖို့အတွက် ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။ နိုဝင်ဘာလ(၃၀)ရက်နေ့မှာတော့ သူတို့နှစ်ဦးဟာ စီးရီးအသစ်မှာအဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ဖို့အတွက်စီစဉ်ထားတယ်လို့ သတင်းတွေအရသိရပါတယ်။
မင်းသမီး Park Shin Hye ရဲ့ SALT Entertainment ကတေ့ာ Park Shin Hye ဟာ Doctor Slump ဒရမ်မာမှာပါဝင်ဖို့ကမ်းလှမ်းခံထားရပြီး အပြုသဘောဆောင်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ မင်းသား Park Hyung Sik ရဲ့အေဂျင်စီ P&Studio ကလည်း သူဟာDoctor Slump မှာပါဝင်သရုပ်ဆောင်ဖို့ကို အကောင်းဘက်ကနေသုံးသပ်နေတယ်လို့ ဆိုထားပြန်ပါတယ်။
Doctor Slump ကတော့ အချစ်ဟာသဇာတ်ကားတစ်ခုဖြစ်ပြီး သူတို့ရဲ့အလုပ်တွေကထွက်ပြီးနောက်မှာ ခေါင်မိုးထပ်မှာနေထိုင်ကြတဲ့ ဆရာဝန်နှစ်ယောက်ရဲ့အကြောင်းကိုပုံဖော်ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းမှာပါဝင်ဖြစ်ခဲ့မယ်ဆိုရင် Park Shin Hye တစ်ယောက် ကလေးမွေးဖွားပြီးနောက်ပထမဆုံးရိုက်ကူးတဲ့ဒရမ်မာဖြစ်လာမှာပါ။
Zawgyi ဖြင့်ဖတ်ရန်
ဒရမ်မာအသစ် Doctor Slump မှာပါဝင်ဖို့အတွက်ဆွေးနွေးနေကြတဲ့ Park Shin Hye နဲ့ Park Hyung Sik