ဒရမ်မာသစ်မှာပါဝင်လာဖွယ်ရှိတဲ့ Kim Myung Soo နဲ့ Choi Jin Hyuk

Posted on

ဒရမ်မာသစ်မှာတော့ INFINITEအဖွဲ့ရဲ့ L လို့လူသိများတဲ့ Kim Myung Soo ကတော့ MBC ရဲ့ဒရမ်မာသစ် Accounting Firm မှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်လာမှာပါ။ သူကတော့ ဒရမ်မာသစ်မှာ Mr. Queen ဇာတ်ကားရဲ့မင်းသား Choi Jin Hyuk နဲ့အတူပါဝင်လာနိုင်ပါတယ်။


Kim Myung Soo နဲ့ Choi Jin Hyuk တို့နှစ်ဦးရဲ့ အေဂျင်စီတွေကတော့ သူတို့နှစ်ဦးဟာ ဒရမ်မာမှာပါဝင်ဖို့အတွက်ကမ်းလှမ်းခံထားရပြီး ပရော့ဂျက်တွေကိုအပြုသဘောဆောင်သုံးသပ်နေတယ်လို့ ဆိုထားပါတယ်။ Accounting Firm ကတော့ Taeil ဆိုတဲ့ စာရင်းအင်းကုမ္ပဏီရဲ့လူတွေရဲ့နေ့စဉ်ဘဝတွေကို ရိုက်ကူးထားတာပါ။


ဒီဇာတ်လမ်းမှာတော့ အထက်တန်းကျောင်းသာအောင်ထားပြီး စာရင်းကိုင်တစ်ယောက်အဖြစ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ရဲ့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဒရမ်မာကတော့ လာမည့်လထဲမှာရိုက်ကူးသွားနိုင်ဖွယ်ရှိပြီး (၂၀၂၃)ခုနှစ်ရဲ့နှစ်လယ်လောက်မှာပြသဖို့ လျာထားတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




