ချစ်သူနဲ့လမ်းခွဲပြတ်စဲသွားပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ HyunA

Posted on

နာမည်ကျော်မော်ဒယ်လ်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ HyunA ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ ရက်ပါတစ်ယောက်ဖြစ်တဲ့ Dawn နဲ့အတူ လူသိရှင်ကြားတွဲခဲ့တာဖြစ်ပါတယ်။ ပရိသတ်ချစ်ကြတဲ့ဒီစုံတွဲကတော့ နောက်ဆုံးမှာလမ်းခွဲပြတ်စဲသွားပြီပဲ ဖြစ်ပါတယ်။


နိုဝင်ဘာလ(၃၀)ရက်နေ့မှာတော့ HyunA ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ “ငါတို့ပြတ်စဲသွားပါပြီ။ သူငယ်ချင်းကောင်း ၊လုပ်ဖော်ကိုင်ဖက်ကောင်းတွေအဖြစ်နဲ့ဆက်နေသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ငါတို့ကို အားပေးခဲ့ကြပြီး ကြင်နာဂရုစိုက်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ရေးသားထားပါတယ်။


HyunA နဲ့ Dawn တို့နှစ်ဦးဟာ (၂၀၁၆) ခုနှစ်မှာ စတင်တွဲခဲ့ကြပြီး (၂၀၁၈) ခုနှစ်မှာ လူသိရှင်ကြားတွဲခဲ့ကြတာပါ။ သူတိုနှစ်ဦးဟာစေ့စပ်ခဲ့ကြတယ်ဆိုပြီးသတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ ပရိသတ်တွေချစ်ခင်ရတဲ့ဒီစုံတွဲလေးကတော့ လမ်းခွဲပြတ်စဲသွားကြပြီဖြစ်ကြောင်း ပရိသတ်ကိုအသိပေးခဲ့ပြီပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




