Teaser ထွက်ရှိလာတဲ့ မင်းသမီးချော Song Hye Kyo ရဲ့ဒရမ်မာသစ်

Posted on

ပရိသတ်တွေစောင့်မျှော်နေတဲ့ဒရမ်မာဇာတ်လမ်းတွဲတွေထဲမှာတော့ Song Hye Kyo နဲ့ Lee Do Hyun တို့နှစ်ဦးရဲ့ The Glory ဒရမ်မာလည်းပါဝင်မှာပါ။ ဒီဒရမ်မာဇာတ်လမ်းတွဲကတော့ Teaser ထွက်ရှိလာပြီး ထုတ်လွှင့်မယ့်ရက်ကိုလည်းတိတိကျကျကြေညာခဲ့ပြီဖြစ်ပါတယ်။


The Glory ကတော့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လိုတဲ့ အထက်တန်းကျောင်းသူလေး အကြောင်းကိုအခြေတည်ထားတာပါ။ ဒီဇာတ်လမ်းမှာ သူဟာ ကျောင်းတွင်းမှာအနိုင်ကျင့်ခံရမှုကြောင့် ကျောင်းထွက်တဲ့အထိဖြစ်ခဲ့ရပြီး အနိုင်ကျင့်ခဲ့သူရဲ့သားသမီးကိုပြန်လည်စာသင်ပေးရတဲ့ဆရာမတစ်ယောက်ဖြစ်လာတဲ့အခါ လက်စားချေဖို့ရလာတဲ့အခွင့်အရေးရရှိလာတဲ့အကြောင်းကို ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

Teaser ဗီဒီယိုထဲမှာတော့ Song Hye Kyo ဟာ ဖိနပ်တွေနဲ့ဆင်ယင်ထားတဲ့သစ်ပင်အောက်မှာထိုင်နေတာဖြစ်ပြီး “ငါမင်းကိုဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။ မင်းအတွက်ဂုဏ်ကျက်သရေဆိုတာလည်း ရှိလာမှာမဟုတ်ဘူး” လို့လည်း ခွင့်မလွှတ်နိုင်စွာနဲ့ဆိုထားပါတယ်။ The Glory ကတော့ ဒီဇင်ဘာလ(၃၀)ရက်နေ့မှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




