ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မင်းသမီး Kim Sae Ron နဲ့စာချုပ်သက်တမ်းထပ်တိုးခဲ့ခြင်းမရှိကြောင်းဖော်ပြလာတဲ့ Gold Medalist

Posted on

Gold Medalist ကတော့ မင်းသမီး Kim Sae Ron ရဲ့ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေအပြီးမှာ စာချုပ်သက်တမ်းထပ်မံတိုးခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ(၁)ရက်နေ့မှာ Gold Medalist ဟာ မီဒီယာတွေကို “Kim Sae Ron နဲ့စာချုပ်က သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။ ပြီးတော့ အသစ်ထပ်မံသက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ဆိုထားပါတယ်။


Kim Sae Ron ကတော့ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်မှာ အနုပညာအလုပ်တွေကိုရပ်နားထားတာပဲ ဖြစ်ပါတယ်။ မင်းသမီး Kim Sae Ron ကတော့ အရက်သောက်ပြီးယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ယာဉ်တိုက်မှုကြောင့်ထိခိုက်ခဲ့ရတဲ့ အနားမှမီးပွိုင့်၊ လမ်းမီး၊ အဆောက်အအုံ(၄)ခုနဲ့ ထရန်စဖော်မာ(၄) လုံးပျက်စီးခဲ့ရတာပါ။ ဒီယာဉ်တိုက်မှုကြောင့်ပဲ အနီးအနားမှာရှိတဲ့ဈေးဝယ်စင်တာ နဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်အတိုင်းမလည်ပတ်နိုင်ဖြစ်ခဲ့ရပါတယ်။


ဒီအတွက်လည်း လျော်ကြေးငွေတွေပေးခဲ့ရပြီး တောင်းပန်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ရပ်တွေဖြစ်ပြီး(၂)လအကြာက သူ့ရဲ့မွေးနေ့ပွဲမှာတော့ အရက်နဲ့ဧည့်ခံကျင်းပခဲ့တယ်လို့သတင်းတွေထွက်ခဲ့သေးတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ မင္းသမီး Kim Sae Ron နဲ႔စာခ်ဳပ္သက္တမ္းထပ္တိုးခဲ့ျခင္းမရွိေၾကာင္းေဖာ္ျပလာတဲ့ Gold Medalist
Gold Medalist ကေတာ့ မင္းသမီး Kim Sae Ron ရဲ႕ယာဥ္တိုက္မႈနဲ႔ပတ္သက္ၿပီးအျငင္းပြားမႈေတြအၿပီးမွာ စာခ်ဳပ္သက္တမ္းထပ္မံတိုးျခင္းမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီဇင္ဘာလ(၁)ရက္ေန႔မွာ Gold Medalist ဟာ မီဒီယာေတြကို “Kim Sae Ron နဲ႔စာခ်ဳပ္က သက္တမ္းကုန္ေတာ့မွာ ျဖစ္ပါတယ္။ ၿပီးေတာ့ အသစ္ထပ္မံသက္တမ္းမတိုးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။” လို႔ ဆိုထားပါတယ္။


Kim Sae Ron ကေတာ့ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္မွာ အႏုပညာအလုပ္ေတြကိုရပ္နားထားတာပဲ ျဖစ္ပါတယ္။ မင္းသမီး Kim Sae Ron ကေတာ့ အရက္ေသာက္ၿပီးယာဥ္တိုက္မႈျဖစ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ယာဥ္တိုက္မႈေၾကာင့္ထိခိုက္ခဲ့ရတဲ့ အနားမွမီးပြိဳင့္၊ လမ္းမီး၊ အေဆာက္အအုံ(၄)ခုနဲ႔ ထရန္စေဖာ္မာ(၄) လုံးပ်က္စီးခဲ့ရတာပါ။ ဒီယာဥ္တိုက္မႈေၾကာင့္ပဲ အနီးအနားမွာရွိတဲ့ေဈးဝယ္စင္တာ နဲ႔ စီးပြားေရးလုပ္ငန္းေတြဟာ ပုံမွန္အတိုင္းမလည္ပတ္ႏိုင္ျဖစ္ခဲ့ရပါတယ္။


ဒီအတြက္လည္း ေလ်ာ္ေၾကးေငြေတြေပးခဲ့ရၿပီး ေတာင္းပန္မႈေတြလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီလိုျဖစ္ရပ္ေတြျဖစ္ၿပီး(၂)လအၾကာက သူ႔ရဲ႕ေမြးေန႔ပြဲမွာေတာ့ အရက္နဲ႔ဧည့္ခံက်င္းပခဲ့တယ္လို႔သတင္းေတြထြက္ခဲ့ေသးတာပဲ ဖျစ္ပါတယ္။