ပထမဆုံးအနေနဲ့ဟောလိဝုဒ်ရုပ်ရှင် The Marvels မှာပါဝင်လာမယ့် Park Seo Joon

Posted on

မျှော်လင့်စောင့်စားနေတဲ့ပရိသတ်တွေဆီကို မင်းသားချော Park Seo Joon ပါဝင်ထားတဲ့ The Marvels ဇာတ်ကား ထွက်ရှိလာတော့မှာပါ။ Marvel Studio ကတော့ (၂၀၂၃) ဖေဖော်ဝါရီမှာ Ant-Man and the Wasp: Quantumania ထွက်ရှိမှာဖြစ်ပြီး Guardians of the Galaxy Vol. 3 နဲ့ The Marvels စတာတွေလည်း ထွက်ရှိလာတော့မှာပါ။


The Marvels ရုပ်ရှင်ကတော့ Captain Marvel ရဲ့ sequel ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Brie Larson ၊ Iman Vellani ၊Teyonah Parris နဲ့ Samuel L. Jackson အပြင် အခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ မင်းသား Park Seo Joon ကတော့ မဖော်ပြထားတဲ့ဇာတ်ရုပ်ကနေပါဝင်ထားပြီး ပရိသတ်တွေကိုလည်း စိတ်ဝင်စားမှုမြင့်တက်နေစေတာလည်း ဖြစ်ပါတယ်။


ဇာတ်ကောင်နဲ့ပတ်သက်ပြီးတော့ မဖော်ပြထားသော်လည်း မင်းသားဟာ ကိုရီးယား-အမေရိကန်ဆယ်ကျော်သက်ဟီးရိုးတစ်ယောက်အနေနဲ့ပါဝင်သွားမယ်လို့ မှန်းဆထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေစောင့်မျှော်နေတဲ့ The Marvels ကတော့ (၂၀၂၃) ခုနှစ်ဇူလိုင်မှာပြသသွားမယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပထမဆုံးအေနနဲ႔ေဟာလိဝုဒ္႐ုပ္ရွင္ The Marvels မွာပါဝင္လာမယ့္ Park Seo Joon
ေမွ်ာ္လင့္ေစာင့္စားေနတဲ့ပရိသတ္ေတြဆီကို မင္းသားေခ်ာ Park Seo Joon ပါဝင္ထားတဲ့ The Marvels ဇာတ္ကား ထြက္ရွိလာေတာ့မွာပါ။ Marvel Studio ကေတာ့ (၂၀၂၃) ေဖေဖာ္ဝါရီမွာ Ant-Man and the Wasp: Quantumania ထြက္ရွိမွာျဖစ္ၿပီး Guardians of the Galaxy Vol. 3 နဲ႔ The Marvels စတာေတြလည္း ထြက္ရွိလာေတာ့မွာပါ။


The Marvels ႐ုပ္ရွင္ကေတာ့ Captain Marvel ရဲ႕ sequel ႐ုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ Brie Larson ၊ Iman Vellani ၊Teyonah Parris နဲ႔ Samuel L. Jackson အျပင္ အျခားသ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားပါတယ္။ မင္းသား Park Seo Joon ကေတာ့ မေဖာ္ျပထားတဲ့ဇာတ္႐ုပ္ကေနပါဝင္ထားၿပီး ပရိသတ္ေတြကိုလည္း စိတ္ဝင္စားမႈျမင့္တက္ေနေစတာလည္း ျဖစ္ပါတယ္။


ဇာတ္ေကာင္နဲ႔ပတ္သက္ၿပီးေတာ့ မေဖာ္ျပထားေသာ္လည္း မင္းသားဟာ ကိုရီးယား-အေမရိကန္ဆယ္ေက်ာ္သက္ဟီး႐ိုးတစ္ေယာက္အေနနဲ႔ပါဝင္သြားမယ္လို႔ မွန္းဆထားတာလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ The Marvels ကေတာ့ (၂၀၂၃) ခုႏွစ္ဇူလိုင္မွာျပသသြားမယ္လို႔ သိရပါတယ္။