BTS အဖွဲ့ဝင်တစ်ဦးကိုအကြိုက်ဆုံးအနုပညာရှင်အဖြစ်ထုတ်ဖော်ပြောခဲ့တဲ့ မင်းသားJung Woo Sung

Posted on

နာမည်ကျော်မင်းသား Jung Woo Sung ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်ကြမှာပါ။ တောင်ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် မင်းသားJung Woo Sung ကတော့ ကေပေါပ့်အနုပညာရှင်တွေကိုကြိုက်နှစ်သက်တာတော့မဆန်းပါဘူးနော်။ သူကတော့ (၂၀၂၂)ခုနှစ်ရဲ့ MAMA ဆုပေးပွဲမှာတော့ သူကြိုက်တဲ့ကေပေါပ့်အနုပညာရှင် Jin ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။


သူကတော့ ကေပါပ့်အဖွဲ့တွေအကုန်လုံးကိုကြိုက်နှစ်သက်ကြောင်းပြောခဲ့ပြီး BTS အဖွဲ့ဝင် Jin ကိုတော့ အကြိုက်နှစ်သက်ဆုံးဖြစ်ကြောင်း ပြောပြခဲ့ပြီးသူ့ရဲ့ Astronaut သီချင်းကိုနားထောင်နေတယ်လို့ ဆိုပါတယ်။ သူကတော့ မင်းသား Lee Jung Jae နဲ့ရိုက်ကူးထားတဲ့ Hunt ဇာတ်ကားရဲ့ ဗီအိုင်ပီအကြိုပြပွဲကိုလည်း ဖိတ်ကြားခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ဖူးပါတယ်။


Hunt ဇာတ်ကားအောင်မြင်ပြီးနောက်မှာတော့ Say You Love Me ဆိုတဲ့ဒရမ်မာကိုမင်းသမီး Shin Hyun Bin နဲ့အတူပါဝင်လာမယ်လို့သိရပါတယ်။ ဒါ့အပြင် မင်းသားကတော့ A Man of Reason ဆိုတဲ့အက်ရှင်ဇာတ်ကားမှာပါဝင်ထားတာဖြစ်ပြီး Hyun Bin ရဲ့ Harbin ဇာတ်ကားမှာလည်း အထူးပါဝင်ထားတယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




