Soundtrack #1ရဲ့ Season 2 ထပ်မံထွက်ရှိလာတဲ့အခါ Han So Hee နဲ့ Park Hyung Sik တို့နှစ်ဦးထပ်မံပါဝင်လာဦးမလား

Posted on

Disney+ ကထုတ်လွှင့်ပြသခဲ့တဲ့ Soundtrack #1 စီးရီးကတော့ Season 2 ထပ်မံထွက်ရှိလာဦးမှာဖြစ်ပြီး Soundtrack #2 ဆိုတဲ့နာမည်နဲ့ထွက်ရှိလာမယ်လို့ အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ တေးဂီတဒရမ်မာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။


Soundtrack #1 မှာတော့ နှစ်ပေါင်း(၂၀)ကြာသူငယ်ချင်းဖြစ်နေခဲ့တဲ့ အမျိုးသားနဲ့အမျိုးသမီးတို့နှစ်ဦးဟာ အိမ်တစ်အိမ်ထဲမှာနှစ်ပတ်ကြာအတူနေရတဲ့အခါမှာ တစ်ယောက်အပေါ်တစ်ယောက်ရှိထားတဲ့ခံစားချက်အစစ်အမှန်တွေကို သင်ယူလိုက်ရတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းမှာတော့ မင်းသမီးချော Han So Hee နဲ့ Park Hyun Sik တို့က ပါဝင်ထားပါတယ်။


Han So Hee နဲ့ Park Hyun Sik တို့နှစ်ဦးရဲ့လိုက်ဖက်ညီတဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေကသဘောကျခဲ့တာလည်း ဖြစ်ပါတယ်။ အခုထပ်မံထွက်ရှိလာမယ့် Soundtrack #2 မှာတော့ ဇာတ်လမ်းအသစ်နဲ့သရုပ်ဆောင်အသစ်တွေပါဝင်လာမယ်လို့ တရားဝင်အတည်ပြုထားခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




