Reborn Rich ဇာတ်ကားထဲကဇာတ်ကောင် Yoon Hyun Woo နဲ့တူညီတဲ့အချက်ကိုပြောပြခဲ့တဲ့ Song Joong Ki

Posted on

လက်ရှိအချိန်မှာပရိသတ်တွေကြားရေပန်းစားနေတဲ့ဒရမ်မာက Reborn Rich ဖြစ်ပြီး မင်းသား Song Joong Ki ဇာတ်ကားနဲ့အတူပရိသတ်တွေရဲ့အားပေးခြင်းခံနေရတာပါ။ သူကတော့ Vincenzo ဇာတ်ကားနဲ့လည်း (၂၀၂၁) ခုနှစ်မှာအောင်မြင်ခဲ့သလို Reborn Rich ဇာတ်ကားနဲ့လည်း လက်ရှိမှာရေပန်းစားနေပြန်ပါတယ်။


Reborn Rich ကတော့ ကြွယ်ဝချမ်းသာတဲ့မိသားစုတစ်ခုရဲ့အတွင်းရေးမှူးဟာ မတရားစွပ်စွဲခံသတ်ဖြတ်ခံလိုက်ရပြီးနောက် အဲ့ဒီမိသားစုရဲ့အငယ်ဆုံးသားအဖြစ်ပြန်လည်ဝင်စားတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသား Song Joong Ki ကတော့ သူဟာဇာတ်ကောင်စရိုက်နဲ့ တူညီတဲ့အချက်တွေရှိတယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

မင်းသားကတော့ Yoon Hyun Woo နဲ့ Jin Do Joon အဖြစ်ဇာတ်ရုပ်နှစ်မျိုးပါဝင်တဲ့ဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ တစ်နည်းအားဖြင့် Yoon Hyun Woo နဲ့လည်းတူတဲ့အချက်က အေးစက်ပြီးဂရုမစိုက်တဲ့ပုံမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း Yoon Hyun Woo ဇာတ်ကောင်နဲ့ကွာခြားချက်ကတော့ သူကအတော်လေးရယ်မောလေ့ရှိတဲ့သူတစ်ယောက်လို့ဆိုပါတယ်။ ဒီဇာတ်ကားကတော့ ပထမဆုံးအနေနဲ့မျက်မှန်တပ်ရတဲ့ဒရမ်မာဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

Reborn Rich ဇာတ္ကားထဲကဇာတ္ေကာင္ Yoon Hyun Woo နဲ႔တူညီတဲ့အခ်က္ကိုေျပာျပခဲ့တဲ့ Song Joong Ki
လက္ရွိအခ်ိန္မွာပရိသတ္ေတြၾကားေရပန္းစားေနတဲ့ဒရမ္မာက Reborn Rich ျဖစ္ၿပီး မင္းသား Song Joong Ki ဇာတ္ကားနဲ႔အတူပရိသတ္ေတြရဲ႕အားေပးျခင္းခံေနရတာပါ။ သူကေတာ့ Vincenzo ဇာတ္ကားနဲ႔လည္း (၂၀၂၁) ခုႏွစ္မွာေအာင္ျမင္ခဲ့သလို Reborn Rich ဇာတ္ကားနဲ႔လည္း လက္ရွိမွာေရပန္းစားေနျပန္ပါတယ္။


Reborn Rich ကေတာ့ ႂကြယ္ဝခ်မ္းသာတဲ့မိသားစုတစ္ခုရဲ႕အတြင္းေရးမႉးဟာ မတရားစြပ္စြဲခံသတ္ျဖတ္ခံလိုက္ရၿပီးေနာက္ အဲ့ဒီမိသားစုရဲ႕အငယ္ဆုံးသားအျဖစ္ျပန္လည္ဝင္စားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ စိတ္ဝင္စားစရာဒီဇာတ္လမ္းရဲ႕အဓိကဇာတ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ မင္းသား Song Joong Ki ကေတာ့ သူဟာဇာတ္ေကာင္စ႐ိုက္နဲ႔ တူညီတဲ့အခ်က္ေတြရွိတယ္ဆိုတာကိုလည္း ေျပာျပခဲ့ပါတယ္။

မင္းသားကေတာ့ Yoon Hyun Woo နဲ႔ Jin Do Joon အျဖစ္ဇာတ္႐ုပ္ႏွစ္မ်ိဳးပါဝင္တဲ့ဇာတ္ေကာင္ကိုသ႐ုပ္ေဆာင္ခဲ့တဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ တစ္နည္းအားျဖင့္ Yoon Hyun Woo နဲ႔လည္းတူတဲ့အခ်က္က ေအးစက္ၿပီးဂ႐ုမစိုက္တဲ့ပုံမ်ိဳးလည္း ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့လည္း Yoon Hyun Woo ဇာတ္ေကာင္နဲ႔ကြာျခားခ်က္ကေတာ့ သူကအေတာ္ေလးရယ္ေမာေလ့ရွိတဲ့သူတစ္ေယာက္လို႔ဆိုပါတယ္။ ဒီဇာတ္ကားကေတာ့ ပထမဆုံးအေနနဲ႔မ်က္မွန္တပ္ရတဲ့ဒရမ္မာျဖစ္တယ္လို႔လည္း ဆိုထားပါေသးတယ္။