မင်းသား Hyun Bin တစ်ယောက် ဂျပန်နိုင်ငံမှာ နာမည်ပျက်စာရင်းသွင်းခံလိုက်ရပြီလား

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသား Hyun Bin ကတော့ ရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်ပြီး ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူကတော့ သမီးချော Son Ye Jin နဲ့လက်ထပ်ထားပြီး မကြာသေးခင်ကမှ သားဦးလေးရရှိထားတာပဲဖြစ်ပါတယ်။


နိုင်ငံတကာမှာပရိသတ်တွေရဲ့ချစ်ခင်မှုများစွာရရှိထားတဲ့ Hyun Bin ကတော့ ဂျပန်နိုင်ငံမှာလည်း ပရိသတ်တွေရဲ့အချစ်တော်မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒါပေမဲ့မကြာသေးခင်ရက်ပိုင်းကမှ Hyun Bin ကိုဂျပန်နိုင်ငံရဲ့ဖျော်ဖြေရေးနယ်ပယ်က အေးစက်စက်စတင်ဆက်ဆံလာတာပဲ ဖြစ်ပါတယ်။Hyun Bin ဟာ ဇာတ်ကားသစ် Harbin မှာပါဝင်မယ်လို့အတည်ပြုပြီးနောက် ဂျပန်နိုင်ငံကကုမ္ပဏီတွေက မင်းသားအပေါ်မှာ သဘောထားတွေပြောင်းသွားပြီပဲ ဖြစ်ပါတယ်။

မင်းသားဟာ ဂျပန်နိုင်ငံရဲ့ နာမည်ပျက်စာရင်းထဲမှာသွင်းခံရတော့မယ်ဆိုတဲ့သတင်းတွေကြားခဲ့ရပြီး မင်းသားရဲ့ VAST Entertainment ကတော့ “ကျွန်ုပ်တို့ဟာလက်ရှိအခြေအနေကိုစောင့်ကြည့်နေပြီး ဂျပန်ဈေးကွက်အခြေအနေနဲ့ပတ်သက်ပြီး ဘာမှမခံစားရဘူး” လို့ ဆိုထားပါတယ်။ Harbin ဇာတ်ကားဟာ (၁၉၀၉) ခုနှစ်မှာအမိနိုင်ငံကိုပြန်လည်ရရှိဖို့အတွက် ဂျပန်ကိုပြန်လည်တိုက်ခိုက်ပြီးသူတို့ရဲ့အသက်ကိုစွန့်ခဲ့ကြတဲ့ ကိုရီးယားလွတ်လပ်ရေးမှာတိုက်ပွဲဝင်ခဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မင္းသား Hyun Bin တစ္ေယာက္ ဂ်ပန္ႏိုင္ငံမွာ နာမည္ပ်က္စာရင္းသြင္းခံလိုက္ရၿပီလား

ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသား Hyun Bin ကေတာ့ ႐ုပ္ရွင္ဇာတ္ကားမ်ားစြာမွာပါဝင္ၿပီး ထူးခြၽန္တဲ့သ႐ုပ္ေဆာင္စြမ္းရည္ေတြကိုလည္း ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ သူကေတာ့ သမီးေခ်ာ Son Ye Jin နဲ႔လက္ထပ္ထားၿပီး မၾကာေသးခင္ကမွ သားဦးေလးရရွိထားတာပဲျဖစ္ပါတယ္။


ႏိုင္ငံတကာမွာပရိသတ္ေတြရဲ႕ခ်စ္ခင္မႈမ်ားစြာရရွိထားတဲ့ Hyun Bin ကေတာ့ ဂ်ပန္ႏိုင္ငံမွာလည္း ပရိသတ္ေတြရဲ႕အခ်စ္ေတာ္မင္းသားတစ္လက္ျဖစ္ပါတယ္။ ဒါေပမဲ့မၾကာေသးခင္ရက္ပိုင္းကမွ Hyun Bin ကိုဂ်ပန္ႏိုင္ငံရဲ႕ေဖ်ာ္ေျဖေရးနယ္ပယ္က ေအးစက္စက္စတင္ဆက္ဆံလာတာပဲ ျဖစ္ပါတယ္။Hyun Bin ဟာ ဇာတ္ကားသစ္ Harbin မွာပါဝင္မယ္လို႔အတည္ျပဳၿပီးေနာက္ ဂ်ပန္ႏိုင္ငံကကုမၸဏီေတြက မင္းသားအေပၚမွာ သေဘာထားေတြေျပာင္းသြားၿပီပဲ ျဖစ္ပါတယ္။


မင္းသားဟာ ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ပ်က္စာရင္းထဲမွာသြင္းခံရေတာ့မယ္ဆိုတဲ့သတင္းေတြၾကားခဲ့ရၿပီး မင္းသားရဲ႕ VAST Entertainment ကေတာ့ “ကြၽႏ္ုပ္တို႔ဟာလက္ရွိအေျခအေနကိုေစာင့္ၾကည့္ေနၿပီး ဂ်ပန္ေဈးကြက္အေျခအေနနဲ႔ပတ္သက္ၿပီး ဘာမွမခံစားရဘူး” လို႔ ဆိုထားပါတယ္။ Harbin ဇာတ္ကားဟာ (၁၉၀၉) ခုႏွစ္မွာအမိႏိုင္ငံကိုျပန္လည္ရရွိဖို႔အတြက္ ဂ်ပန္ကိုျပန္လည္တိုက္ခိုက္ၿပီးသူတို႔ရဲ႕အသက္ကိုစြန႔္ခဲ့ၾကတဲ့ ကိုရီးယားလြတ္လပ္ေရးမွာတိုက္ပြဲဝင္ခဲ့သူေတြအေၾကာင္းကို ႐ိုက္ကူးထားတာလည္း ျဖစ္ပါတယ္။