အသက်(၅၅)နှစ်အရွယ်မှာဆုံးပါးသွားခဲ့တဲ့ မင်းသားကြီး Yeom Dong Heon

Posted on

ဒီဇင်ဘာလ(၃)ရက်နေ့မှာတော့ Star Village Entertainment ကနေပြီးတော့ မီဒီယာတွေကို “မင်းသား Yeom Dong Heon ဟာ ဒီဇင်ဘာလ(၂)ရက်နေ့ည (၁၁)နာရီ(၅၀)မိနစ်က အသက်(၅၅)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့လည်း “သရုပ်ဆောင်ပိုင်းမှာ စိတ်အားထက်သန်မှုနဲ့ချစ်ခြင်မေတ္တာတွေကိုပြသခဲ့တဲ့ကွယ်လွန်သူမင်းသားကို အမှတ်ရနေမှာပါ။ဘဝကူးပြီးတဲ့နောက်မှာလည်း ဘေးကင်းစေဖို့ ဆုတောင်းပါတယ်” လို့ ဆိုပါတယ်။


(၁၉၆၈)ခုနှစ်မှာမွေးဖွားခဲ့တဲ့ မင်းသား Yeom Dong Heon ဟာ(၁၉၉၄)ခုနှစ်က ပြဇာတ်နဲ့စတင်ပွဲဦးထွက်ခဲ့ပါတယ်။ သူကတော့ Beethoven Virus ၊ The King 2 Hearts နဲ့Your Neighbor’s Wife စတဲ့ဒရမ်မာတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် Juror 8 ၊ Asura: The City of Madness နဲ့ The Yellow Sea စတဲ့ရုပ်ရှင်တွေမှာပါဝင်ခဲ့တာကြောင့်လည်း လူသိများတဲ့သူတစ်ယောက်ပါ။


မင်းသား Yeom Dong Heon ဟာ JTBC ရဲ့ Artificial City ဇာတ်လမ်းတွဲကိုနောက်ဆုံးပါဝင်သရုပ်ဆောင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ သူကတော့ အသည်းရောဂါကိုစတင်ကုသမှုခံယူနေခဲ့တယ်လို့လည်း ယူဆရပါတယ်။ ကွယ်လွန်သွားခဲ့တဲ့မင်းသားကြီးရဲ့အနုပညာသရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်တွေကအမှတ်ရနေမှာအမှန်ပါပဲ။ ကောင်းရာမွန်ရာရောက်ပါစေ။
Zawgyi ဖြင့်ဖတ်ရန်

အသက္(၅၅)ႏွစ္အ႐ြယ္မွာဆုံးပါးသြားခဲ့တဲ့ မင္းသားႀကီး Yeom Dong Heon
ဒီဇင္ဘာလ(၃)ရက္ေန႔မွာေတာ့ Star Village Entertainment ကေနၿပီးေတာ့ မီဒီယာေတြကို “မင္းသား Yeom Dong Heon ဟာ ဒီဇင္ဘာလ(၂)ရက္ေန႔ည (၁၁)နာရီ(၅၀)မိနစ္က အသက္(၅၅)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့လည္း “သ႐ုပ္ေဆာင္ပိုင္းမွာ စိတ္အားထက္သန္မႈနဲ႔ခ်စ္ျခင္ေမတၱာေတြကိုျပသခဲ့တဲ့ကြယ္လြန္သူမင္းသားကို အမွတ္ရေနမွာပါ။ဘဝကူးၿပီးတဲ့ေနာက္မွာလည္း ေဘးကင္းေစဖို႔ ဆုေတာင္းပါတယ္” လို႔ ဆိုပါတယ္။


(၁၉၆၈)ခုႏွစ္မွာေမြးဖြားခဲ့တဲ့ မင္းသား Yeom Dong Heon ဟာ(၁၉၉၄)ခုႏွစ္က ျပဇာတ္နဲ႔စတင္ပြဲဦးထြက္ခဲ့ပါတယ္။ သူကေတာ့ Beethoven Virus ၊ The King 2 Hearts နဲ႔Your Neighbor’s Wife စတဲ့ဒရမ္မာေတြမွာ ပါဝင္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ Juror 8 ၊ Asura: The City of Madness နဲ႔ The Yellow Sea စတဲ့႐ုပ္ရွင္ေတြမွာပါဝင္ခဲ့တာေၾကာင့္လည္း လူသိမ်ားတဲ့သူတစ္ေယာက္ပါ။


မင္းသား Yeom Dong Heon ဟာ JTBC ရဲ႕ Artificial City ဇာတ္လမ္းတြဲကိုေနာက္ဆုံးပါဝင္သ႐ုပ္ေဆာင္ထားခဲ့တာလည္း ျဖစ္ပါတယ္။ သူကေတာ့ အသည္းေရာဂါကိုစတင္ကုသမႈခံယူေနခဲ့တယ္လို႔လည္း ယူဆရပါတယ္။ ကြယ္လြန္သြားခဲ့တဲ့မင္းသားႀကီးရဲ႕အႏုပညာသ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ ပရိသတ္ေတြကအမွတ္ရေနမွာအမွန္ပါပဲ။ ေကာင္းရာမြန္ရာေရာက္ပါေစ။