ဒရမ်မာသစ်မှာလက်ထပ်ထားတဲ့ဇနီးမောင်နှံတွေအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့အတည်ပြုလိုက်တဲ့ Kim Soo Hyun နဲ့ Kim Ji Won

Posted on

မင်းသား Kim Soo Hyun နဲ့ Kim Ji Won တို့ကို ဒရမ်မာအသစ်ရဲ့စုံတွဲတွေအဖြစ်တွေ့ရတော့မှာပါ။ ဒီဇင်ဘာလ(၅)ရက်နေ့မှာတော့ထုတ်လုပ်ရေးဖြစ်တဲ့ Studio Dragon ကသူတို့နှစ်ဦးဟာ လာမယ့်ဒရမ်မာသစ် Queen of Tears မှာအဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။


Kim Soo Hyun နဲ့ Kim Ji Wonတို့နှစ်ဦးကတော့ ဇနီးမောင်နှံတွေအဖြစ်ပါဝင်မှာပါ။ Kim Soo Hyun ကတော့ Queens အုပ်စုရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Baek Hyeon Woo အဖြစ်ပါဝင်ထားပါတယ်။ Kim Ji Won ကတော့ Hong Hae In ဆိုတဲ့ Queens အုပ်စုရဲ့လူကုံထံအသိုင်းအဝိုင်းက မောက်မာတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပါဝင်လာမှာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကိုတော့ My Love from Another Stars ဆိုတဲ့ဇာတ်လမ်းတွဲကိုရေးသားခဲ့တဲ့ Park Ji Eun ကရေးသားခဲ့တာဖြစ်ပြီး Vincenzo နဲ့ Little Women ဇာတ်လမ်းတွေကိုထုတ်လုပ်ခဲ့တဲ့ Kim Hee Won ကထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Queen of Tears ဟာလည်း ဒိတ်ဒိတ်ကြဲနာမည်ကြီးနှစ်ဦးပါဝင်ထားတာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာသစ္မွာလက္ထပ္ထားတဲ့ဇနီးေမာင္ႏွံေတြအျဖစ္ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔အတည္ျပဳလိုက္တဲ့ Kim Soo Hyun နဲ႔ Kim Ji Won
မင္းသား Kim Soo Hyun နဲ႔ Kim Ji Won တို႔ကို ဒရမ္မာအသစ္ရဲ႕စုံတြဲေတြအျဖစ္ေတြ႕ရေတာ့မွာပါ။ ဒီဇင္ဘာလ(၅)ရက္ေန႔မွာေတာ့ထုတ္လုပ္ေရးျဖစ္တဲ့ Studio Dragon ကသူတို႔ႏွစ္ဦးဟာ လာမယ့္ဒရမ္မာသစ္ Queen of Tears မွာအဓိကဇာတ္ေဆာင္ေတြအျဖစ္ပါဝင္သြားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။


Kim Soo Hyun နဲ႔ Kim Ji Wonတို႔ႏွစ္ဦးကေတာ့ ဇနီးေမာင္ႏွံေတြအျဖစ္ပါဝင္မွာပါ။ Kim Soo Hyun ကေတာ့ Queens အုပ္စုရဲ႕အႀကီးအကဲတစ္ေယာက္ျဖစ္တဲ့ Baek Hyeon Woo အျဖစ္ပါဝင္ထားပါတယ္။ Kim Ji Won ကေတာ့ Hong Hae In ဆိုတဲ့ Queens အုပ္စုရဲ႕လူကုံထံအသိုင္းအဝိုင္းက ေမာက္မာတဲ့အမ်ိဳးသမီးတစ္ေယာက္အျဖစ္ပါဝင္လာမွာ ျဖစ္ပါတယ္။


ဒီဇာတ္လမ္းတြဲကိုေတာ့ My Love from Another Stars ဆိုတဲ့ဇာတ္လမ္းတြဲကိုေရးသားခဲ့တဲ့ Park Ji Eun ကေရးသားခဲ့တာျဖစ္ၿပီး Vincenzo နဲ႔ Little Women ဇာတ္လမ္းေတြကိုထုတ္လုပ္ခဲ့တဲ့ Kim Hee Won ကထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ Queen of Tears ဟာလည္း ဒိတ္ဒိတ္ႀကဲနာမည္ႀကီးႏွစ္ဦးပါဝင္ထားတာေၾကာင့္ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကိုရရွိေနတာလည္း ျဖစ္ပါတယ္။