သဘောကျတဲ့အမျိုးသမီးပုံစံကိုပြောပြခဲ့တဲ့မင်းသား Moon Sangmin

Under the Queen’s Umbrella ဇာတ်လမ်းတွဲနဲ့အတူ နာမည်ကြီးတဲ့မင်းသား Moon Sangmin ကတော့ သူဘောကျတဲ့အမျိုးသမီးပုံစံနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ ဇာတ်လမ်းတွဲထဲမှာတော်ဝင်မင်းသား အဖြစ်ပါဝင်ခဲ့တဲ့မင်းသားကတော့ အိမ်ရှေ့စံမင်းသမီးရဲ့ပုံစံကို သဘောကျတယ်လို့ ဆိုပါတယ်။


မင်းသားကတော့ “Chungha လိုပုံစံမျိုးက သဘောကျတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အဲလိုအမျိုးသမီးမျိုးဆိုရင် ကြွေမိတတ်ပါတယ်။ တက်တက်ကြွကြွနဲ့နေတတ်ပြီး မထင်မှတ်ထားတာမျိုးပြောလေ့ရှိတဲ့အမျိုးသမီးတစ်ယောက်ကကျွန်တော့နှလုံးသားကိုကြွေသွားစေတယ်” လို့ဖော်ပြခဲ့ပါတယ်။ ကိုယ့်ထက်ပိုငယ်တဲ့သူလား ကြီးတဲ့သူလားရွေးချယ်ခိုင်းရာမှာတော့ အသက်ပိုကြီးတဲ့အမျိုးသမီးကိုကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။


သူကတော့ အသက်အရွယ်နဲ့ပတ်သက်ပြီးတော့ မတွေးဘဲ ကိုယ်ကြိုက်နှစ်သက်ရင်အသက်ကအရေးမကြီးဘူး လို့လည်း ဆိုထားပါတယ်။ မင်းသားကတော့ Under the Queen’s Umbrella ဇာတ်လမ်းတွဲမှာပါဝင်ပြီးတဲ့နောက်မှာ ပရိသတ်တွေကြားအောင်မြင်မှုအကြီးအကျယ်ရရှိလာကာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်ဖြစ်လာတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






 

 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x