Extraordinary Attorney Woo ကိုကျော်တက်ကာ (၂၀၂၂) ခုနှစ်ရဲ့လူကြည့်အများဆုံးစီးရီးတစ်ခုဖြစ်လာတဲ့ Reborn Rich

Posted on

Reborn Rich ဟာ ထုတ်လွှင့်ပြသမှုတစ်ဝက်ခန့်ရောက်လာတဲ့အချိန်မှာ ကြည့်ရှုမှုအများဆုံးမီနီစီးရီးတစ်ခုဖြစ်လာခဲ့ပါတယ်။ Reborn Rich ဟာစတင်ပြသကတည်းက ကြည့်ရှုနှုန်းအမြင့်ဆုံးကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ Nielsen Korea ကတော့ အပိုင်း (၈) ပိုင်းမြောက်မှာ (၁၉.၄၄%) အထိရခဲ့ပြီး (၃.၃%) အထိ တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ ကြည့်ရှုနှုန်းမြင့်မားစွာရရှိခဲ့ရုံတင်မက နာမည်ကျော်ခဲ့တဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲကိုတောင် ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ Reborn Rich မတိုင်ခင်က Extraordinary Attorney Woo ဇာတ်လမ်းတွဲရဲ့အမြင့်ဆုံးကြည့်ရှုနှုန်းဟာ (၁၇.၅၃% ) အထိရခဲ့တာလည်း ဖြစ်ပါတယ်။


Reborn Rich ကတော့ စတင်ပြသချိန်ကတည်းက ကြည့်ရှုနှုန်းတွေကောင်းမွန်ခဲ့တပြီး ကြည့်ရှုနှုန်းတွေတရိပ်ရိပ်တက်လာခဲ့တာကာ အခုဆိုရင် (၂၀၂၂) အတွက်အမြင့်ဆုံးကြည့်ရှုနှုန်းကိုတောင် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာအပိုင်း (၈) အထိပြသပြီးတာကြောင့် နောက်လာမယ့်အပိုင်းတွေမှာလည်း ကြည့်ရှုနှုန်းတွေဘယ်လောက်အထိမြင့်တက်မလဲဆိုတာ ကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




