Charlotte Tilbury ပွဲမှာဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ဖမ်းစားခဲ့တဲ့ မင်းသမီးချော Han So Hee

Posted on

မင်းသမီးချော Han So Hee ကတော့ ဒရမ်မာတွေမှာတင်မက ကြော်ငြာများစွာမော်ဒယ်လ်တစ်ယောက်အဖြစ်ပါဝင်ရိုက်ကူးပြီးအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ သူကတော့ မကြာသေးခင်က အင်္ဂလန်နိုင်ငံမှာကျင်းပတဲ့ Charlotte Tilbury အမှတ်တံဆိပ်ရဲ့ပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။


Han So Hee ကတော့ Charlotte Tilbury ရဲ့ Classic Glamour Collection အတွက်ပွဲကိုတက်ရောက်ခဲ့တာ ဖြစ်ပြီးဆွဲဆောင်မှုရှိတဲ့အလှတရားတွေကြောင့် နိုင်ငံတကာပရိသတ်တွေရဲ့အာရုံစိုက်မှုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ Han So Hee ရဲ့ပြီးပြည့်စုံတဲ့ရုပ်ရည်ချောမောမှုတွေနဲ့သိမ်မွေ့တဲ့အလှတရားတွေကတော့ Disney မင်းသမီးလေးတစ်ပါးလိုလှရက်လွန်းနေပြီး လူအများရဲ့အံ့အားသင့်မှုကို ရရှိခဲ့ပါတယ်။


ဒီပွဲမှာတော့ အုပ်စုလိုက်ရိုက်ခဲ့တဲ့ပုံလည်းထွက်ရှိလာခဲ့ပြီး Han So Hee ဟာအများကြားမှာထင်ပေါ်နေတာကလည်း သတိထားမိစရာဖြစ်ခဲ့ပါတယ်။ Charlotte Tilbury ရဲ့ပွဲမှာလှပနေတဲ့မင်းသမီးချောလေး Han So Hee ရဲ့ပုံတွေကိုတော့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်




