ဇက်ကြောဒဏ်ဖြစ်နေတာကြောင့် ဘာစီလိုနာကပရိသတ်တွေကို Solo Pole Dance နဲ့မဖျော်ဖြေနိုင်ခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ Lisa

Posted on

ဒီဇင်ဘာလ(၆)ရက်နေ့ကတော့ Lisa ဟာ သူ့ရဲ့အင်စတာဂရမ်ကနေပြီးတော့ ဇက်ကြောဒဏ်ဖြစ်နေတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ “ဘာစီလိုနာက ဘလင့်တွေရေ ..ပထမဆုံး ဒီညကိုလာရောက်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ဇက်ကြောဒဏ်ဖြစ်တဲ့အခြေအနေကြောင့် စိတ်ပူစေတာတောင်းပန်ပါတယ်။ ဒါကြောင့်ပဲ pole dance ကို မကတော့ဖို့ဆုံးဖြတ်လိုက်တယ်။


ကျွန်မတို့ရဲ့ဘလင့်တွေကတော့ pole dance ကိုမျှော်လင့်နေမယ်ဆိုတာ သိပါတယ်။” လို့ စတိုရီမှာရေးသားခဲ့ပါတယ်။ Lisa ကတော့ အခြေအနေပိုမိုကောင်းမွန်နေပြီဆိုတဲ့အကြောင်းကို “ပြီးတော့ မင်းတို့ကိုသိစေချင်တာက အခုပိုပြီးတော့ကောင်းလာပြီဆိုတာပါပဲ။ ကျွန်မရဲ့ဘလင့်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။”လို့လည်း ပြောခဲ့ပါတယ်။


BLACKPINK ကတော့ ဒီဇင်ဘာလ(၅)ရက်နေ့မှာ BORN PINK ဖျော်ဖြေပွဲကို Barcelona မှာကျင်းပခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဒီဇင်ဘာလ(၈)ရက်နေ့မှာ Cologne ကိုသွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ (၂၀၂၃) ဇွန်လတိုင်အောင် နိုင်ငံပေါင်းများစွာမှာဖျော်ဖြေသွားဦးမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

ဇက္ေၾကာဒဏ္ျဖစ္ေနတာေၾကာင့္ ဘာစီလိုနာကပရိသတ္ေတြကို Solo Pole Dance နဲ႔မေဖ်ာ္ေျဖႏိုင္ခဲ့တဲ့အေၾကာင္း ေျပာျပခဲ့တဲ့ Lisa
ဒီဇင္ဘာလ(၆)ရက္ေန႔ကေတာ့ Lisa ဟာ သူ႔ရဲ႕အင္စတာဂရမ္ကေနၿပီးေတာ့ ဇက္ေၾကာဒဏ္ျဖစ္ေနတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ “ဘာစီလိုနာက ဘလင့္ေတြေရ ..ပထမဆုံး ဒီညကိုလာေရာက္ခဲ့တဲ့အတြက္ေက်းဇူးတင္ပါတယ္။ ကြၽန္မရဲ႕ဇက္ေၾကာဒဏ္ျဖစ္တဲ့အေျခအေနေၾကာင့္ စိတ္ပူေစတာေတာင္းပန္ပါတယ္။ ဒါေၾကာင့္ပဲ pole dance ကို မကေတာ့ဖို႔ဆုံးျဖတ္လိုက္တယ္။


ကြၽန္မတို႔ရဲ႕ဘလင့္ေတြကေတာ့ pole dance ကိုေမွ်ာ္လင့္ေနမယ္ဆိုတာ သိပါတယ္။” လို႔ စတိုရီမွာေရးသားခဲ့ပါတယ္။ Lisa ကေတာ့ အေျခအေနပိုမိုေကာင္းမြန္ေနၿပီဆိုတဲ့အေၾကာင္းကို “ၿပီးေတာ့ မင္းတို႔ကိုသိေစခ်င္တာက အခုပိုၿပီးေတာ့ေကာင္းလာၿပီဆိုတာပါပဲ။ ကြၽန္မရဲ႕ဘလင့္ေတြအားလုံးကိုေက်းဇူးတင္ပါတယ္။”လို႔လည္း ေျပာခဲ့ပါတယ္။

BLACKPINK ကေတာ့ ဒီဇင္ဘာလ(၅)ရက္ေန႔မွာ BORN PINK ေဖ်ာ္ေျဖပြဲကို Barcelona မွာက်င္းပခဲ့ပါတယ္။ ဆက္လက္ၿပီးေတာ့ ဒီဇင္ဘာလ(၈)ရက္ေန႔မွာ Cologne ကိုသြားေရာက္ေဖ်ာ္ေျဖမွာ ျဖစ္ပါတယ္။ (၂၀၂၃) ဇြန္လတိုင္ေအာင္ ႏိုင္ငံေပါင္းမ်ားစြာမွာေဖ်ာ္ေျဖသြားဦးမွာပါ။