ဒိတ်တင်နည်းပြတစ်ယောက်အနေနဲ့ ဒရမ်မာသစ်မှာမြင်တွေ့ရမယ့် မင်းသမီးချော Yoo In Na

Posted on

Yoo In Na ကတော့ ENA ရဲ့စီးရီးသစ် Bora! Deborah! နဲ့အတူပြန်လာတော့မှာပါ။ ဒီဇင်ဘာလ(၅)ရက်နေ့မှာတော့ Yoo In Na ၊ Yoon Hyun Min နဲ့ Joo Sang Wook တို့နဲ့အတူ စီးရီးအသစ်မှာပြန်လည်ပါဝင်မယ့်အကြောင်းကို ENA ကအတည်ပြုခဲ့ပါတယ်။


Bora! Deborah ကတော့ ဒိတ်တင်နည်းပြတစ်ယောက်နဲ့ ချစ်မိသွားဖို့အရမ်းခက်ခဲတဲ့ ပုံစံချင်းကွဲပြားခြားနားတဲ့အမျိုးသားတို့ကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ မင်းသမီးချော Yoo In Na ကတော့ ထက်မြက်ပြီးနှစ်လိုဖွယ်ကောင်းတဲ့ နည်းပြ Yoo Bo Ra အဖြစ်ပါဝင်ထားပါတယ်။ သူကတော့ အချစ်ရေးမှာအမျိုးသမီးတွေအပေါ်လွှမ်းမိုးမှုရှိသူဖြစ်ပြီး အချစ်ရေးနဲ့ပတ်သက်တဲ့စာအုပ်တွေထုတ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်အပေါ်ကို စစ်မှန်စွာချစ်ပေးတဲ့သူကိုလည်း မမြင်နိုင်တဲ့သူဖြစ်ပါတယ်။


ဒီစီးရီးအသစ်မှာတော့ Yoo In Na ဟာ ဇာတ်ပို့ဘက်ကနေသရုပ်ဆောင်မှုများကနေ ဖန်သားပြင်ကိုပြန်လည်ထွက်ပေါ်လာတာလို့ဆိုရပါမယ်။ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုသိပြီးသားပရိသတ်တွေကတော့ မင်းသမီးကို Yoon Hyun Min နဲ့ Joo Sang Wook တို့နဲ့အတူပြန်လည်မြင်တွေ့ရမယ့် ဒရမ်မာကောင်းလို့သာဆိုရမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒိတ္တင္နည္းျပတစ္ေယာက္အေနနဲ႔ ဒရမ္မာသစ္မွာျမင္ေတြ႕ရမယ့္ မင္းသမီးေခ်ာ Yoo In Na
Yoo In Na ကေတာ့ ENA ရဲ႕စီးရီးသစ္ Bora! Deborah! နဲ႔အတူျပန္လာေတာ့မွာပါ။ ဒီဇင္ဘာလ(၅)ရက္ေန႔မွာေတာ့ Yoo In Na ၊ Yoon Hyun Min နဲ႔ Joo Sang Wook တို႔နဲ႔အတူ စီးရီးအသစ္မွာျပန္လည္ပါဝင္မယ့္အေၾကာင္းကို ENA ကအတည္ျပဳခဲ့ပါတယ္။


Bora! Deborah ကေတာ့ ဒိတ္တင္နည္းျပတစ္ေယာက္နဲ႔ ခ်စ္မိသြားဖို႔အရမ္းခက္ခဲတဲ့ ပုံစံခ်င္းကြဲျပားျခားနားတဲ့အမ်ိဳးသားတို႔ၾကားက အခ်စ္ဇာတ္လမ္းေလးကို ႐ိုက္ကူးထားတာလည္း ျဖစ္ပါတယ္။ မင္းသမီးေခ်ာ Yoo In Na ကေတာ့ ထက္ျမက္ၿပီးႏွစ္လိုဖြယ္ေကာင္းတဲ့ နည္းျပ Yoo Bo Ra အျဖစ္ပါဝင္ထားပါတယ္။ သူကေတာ့ အခ်စ္ေရးမွာအမ်ိဳးသမီးေတြအေပၚလႊမ္းမိုးမႈရွိသူျဖစ္ၿပီး အခ်စ္ေရးနဲ႔ပတ္သက္တဲ့စာအုပ္ေတြထုတ္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ကိုယ့္အေပၚကို စစ္မွန္စြာခ်စ္ေပးတဲ့သူကိုလည္း မျမင္ႏိုင္တဲ့သူျဖစ္ပါတယ္။


ဒီစီးရီးအသစ္မွာေတာ့ Yoo In Na ဟာ ဇာတ္ပို႔ဘက္ကေနသ႐ုပ္ေဆာင္မႈမ်ားကေန ဖန္သားျပင္ကိုျပန္လည္ထြက္ေပၚလာတာလို႔ဆိုရပါမယ္။ သူ႔ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ေတြကိုသိၿပီးသားပရိသတ္ေတြကေတာ့ မင္းသမီးကို Yoon Hyun Min နဲ႔ Joo Sang Wook တို႔နဲ႔အတူျပန္လည္ျမင္ေတြ႕ရမယ့္ ဒရမ္မာေကာင္းလို႔သာဆိုရမွာ ျဖစ္ပါတယ္။