Arthdal Chronicles 2 ရိုက်ကူးရေးကို ကော်ဖီကားပို့ပြီး Lee Joon Ki ကိုအားပေးကြောင်းပြသခဲ့တဲ့ IU

Posted on

တစ်ချိန်ကအတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ IU နဲ့ Lee Joon Ki ကတော့ တစ်ယောက်နဲ့တစ်ယောက်အားပေးကြတဲ့မိတ်ဆွေတွေအဖြစ်ဆက်ရှိနေတုန်းပါပဲ။ လက်ရှိမှာတော့ Lee Joon Ki ဟာ Arthdal Chronicles 2 ကို ရိုက်ကူးရေးတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။


သူ့ရဲ့ရိုက်ကူးရေးနေရာကိုတော့ IU က ကော်ဖီကားကိုပို့ပေးကာအားပေးကြောင်းပြသခဲ့တာပဲ ဖြစ်ပါတယ်။ Lee Joon Ki ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ “ငါတော့ အံ့အားသင့်စရာအားပေးမှုကိုယုံတောင်မယုံနိုင်ဘူး။ ကျေးဇူးတင်ပါတယ် Ji Eun” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ မင်းသားကတော့ ကော်ဖီကားရှေ့မှာရပ်နေပြီး အသဲပုံလေးကိုပုံဖော်ပြကာ ကျေးဇူးတင်ကြောင်းပြသခဲ့ပါတယ်။


ကော်ဖီကားဟာ Lee Joon Ki အတွက်ပေးပို့ခဲ့တာဖြစ်သော်လည်း IU ကတော့ ခွက်တွေအပေါ်မှာ Lee Joon Ki အပါအဝင် သူနဲ့ အေဂျင်စီတူတဲ့ မင်းသမီး Shin Se Kyung ကိုလည်း အားပေးကြောင်းဖော်ပြထားပါတယ်။ လက်ရှိရိုက်ကူးနေတဲ့ Arthdal Chronicles 2 ကတော့ tvN ကနေပြီး (၂၀၂၃) ခုနှစ်အတွင်းမှာပြသသွားမှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




