(၂) နှစ်ကြာအောင် စေတနာ့ဝန်ထမ်းအလုပ်တွေကိုလုပ်ခဲ့တာကြောင့် ချီးကျူးမှုတွေရရှိခဲ့တဲ့ မင်းသား Jo In Sung

Posted on

မင်းသား Jo In Sung ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား မင်းသားတစ်လက်ပါ။ သူကတော့ အနုပညာအလုပ်တွေအပြင် လုပ်အားပေးအလုပ်တွေကိုလည်းစိတ်ဝင်စားတဲ့အတွင်းစိတ်ထားကောင်းမွန်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။


လွန်ခဲ့တဲ့လရဲ့(၂၀)ရက်နေ့ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့အစည်းကနေပြီး Gilbeot ဆိုတဲ့အဖွဲ့အစည်းနဲ့အတူ ရုပ်ရှင်၊ပြဇာတ်နဲ့ ရုပ်သံထုတ်လွှင့်မှုပိုင်းဆိုင်ရာကလူတွေနဲ့လုပ်အားပေးလုပ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဖျော်ဖြေရေးနယ်ပယ်ကလူပေါင်း(၆၈)ယောက်ပါဝင်ခဲ့ကြပြီးအဲ့ဒီမှာ မင်းသား Jo In Sung လည်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။


မင်းသားကတော့အဖွဲ့နဲ့အတူ Gangnamgu မှာရှိတဲ့ရွာကိုလည်ပတ်ခဲ့ပြီး လောင်စာအဖြစ်သုံးတဲ့ကျောက်မီးသွေးတုံးတွေကို တစ်အိမ်ကိုလျှင်(၂၀၀) စီပေးဝေခဲ့တာ ဖြစ်ပါတယ်။ မင်းသားတစ်ယောက်အနေနဲ့များပြားတဲ့အလုပ်အချိန်စာရင်းတွေရှိနေပေမယ့်လည်း လိုအပ်တဲ့သူတွေကိုကူညီဖို့အတွက်ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။ မင်းသားကတော့ အရင်နှစ်ကလည်းအခုလိုလုပ်အားပေးခြင်းကိုလုပ်ဆောင်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အခုလိုလုပ်ရပ်ကြောင့် ပရိသတ်တွေကတော့ ချီးကျူးနေခဲ့ကြတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

(၂) ႏွစ္ၾကာေအာင္ ေစတနာ့ဝန္ထမ္းအလုပ္ေတြကိုလုပ္ခဲ့တာေၾကာင့္ ခ်ီးက်ဴးမႈေတြရရွိခဲ့တဲ့ မင္းသား Jo In Sung
မင္းသား Jo In Sung ကေတာ့ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသား မင္းသားတစ္လက္ပါ။ သူကေတာ့ အႏုပညာအလုပ္ေတြအျပင္ လုပ္အားေပးအလုပ္ေတြကိုလည္းစိတ္ဝင္စားတဲ့အတြင္းစိတ္ထားေကာင္းမြန္တဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။


လြန္ခဲ့တဲ့လရဲ႕(၂၀)ရက္ေန႔ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အျပည္ျပည္ဆိုင္ရာကယ္ဆယ္ေရးအဖြဲ႕အစည္းကေနၿပီး Gilbeot ဆိုတဲ့အဖြဲ႕အစည္းနဲ႔အတူ ႐ုပ္ရွင္၊ျပဇာတ္နဲ႔ ႐ုပ္သံထုတ္လႊင့္မႈပိုင္းဆိုင္ရာကလူေတြနဲ႔လုပ္အားေပးလုပ္ခဲ့ၾကပါတယ္။ ဒီႏွစ္မွာေတာ့ ေဖ်ာ္ေျဖေရးနယ္ပယ္ကလူေပါင္း(၆၈)ေယာက္ပါဝင္ခဲ့ၾကၿပီးအဲ့ဒီမွာ မင္းသား Jo In Sung လည္းပါဝင္ခဲ့တာ ျဖစ္ပါတယ္။


မင္းသားကေတာ့အဖြဲ႕နဲ႔အတူ Gangnamgu မွာရွိတဲ့႐ြာကိုလည္ပတ္ခဲ့ၿပီး ေလာင္စာအျဖစ္သုံးတဲ့ေက်ာက္မီးေသြးတုံးေတြကို တစ္အိမ္ကိုလွ်င္(၂၀၀) စီေပးေဝခဲ့တာ ျဖစ္ပါတယ္။ မင္းသားတစ္ေယာက္အေနနဲ႔မ်ားျပားတဲ့အလုပ္အခ်ိန္စာရင္းေတြရွိေနေပမယ့္လည္း လိုအပ္တဲ့သူေတြကိုကူညီဖို႔အတြက္ႀကိဳးစားခဲ့တာလည္းျဖစ္ပါတယ္။ မင္းသားကေတာ့ အရင္ႏွစ္ကလည္းအခုလိုလုပ္အားေပးျခင္းကိုလုပ္ေဆာင္ခဲ့ေသးတာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕အခုလိုလုပ္ရပ္ေၾကာင့္ ပရိသတ္ေတြကေတာ့ ခ်ီးက်ဴးေနခဲ့ၾကတာ ျဖစ္ပါတယ္။