မင်းသားချော Cha Eun Woo ကိုတော့ ဒရမ်မာဇာတ်ကားတွေနဲ့အတူ ချောမောတဲ့ရုပ်ရည်ကြောင့် လူသိများကြမှာပါ။ အခုဆိုရင်တော့ မင်းသားချော Cha Eun Woo ဟာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ကိုကျော်တက်ပြီးတော့ အင်စတာဂရမ်မှာ follower အများဆုံးကိုရီးယားမင်းသားတစ်လက်အဖြစ် နေရာယူခဲ့ပါတယ်။
ဒီဇင်ဘာလ(၉)ရက်နေ့မှာတော့ follower ပေါင်း (၃၁) သန်းကျော် ရရှိနေပြီး မင်းသား Lee Min Ho ထက် follower (၇၃၀၀၀) ကျော်ပိုများခဲ့တာပဲ ဖြစ်ပါတယ်။ Lee Min Ho ကတော့ follower အများဆုံးကိုရီးယားမင်းသားနေရာမှာ (၂) နှစ်ကျော်နေရာယူထားနိုင်ခဲ့ပါတယ်။
ထူးခြားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Cha Eun Woo ကတော့ Gangnam Beauty နဲ့ True Beauty လို အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေကြောင့် လူသိများလာသူပါ။ The Villainess is a Marionette မှာလည်း Han So Hee နဲ့ Lee So Hyuk တို့နဲ့အတူပါဝင်ထားပြီး Islang ဒရမ်မာနဲ့အတူ ပြန်လာဖို့ရှိနေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
အင်စတာရမ်မှာ follower အများဆုံးကိုရီးယားမင်းသားတစ်လက်အဖြစ်နေရာယူထားတဲ့ မင်းသားချော Cha Eun Woo