ဘောလုံးကစားသမား Cho Gue Sung နဲ့ဒိတ်တော့မယ်လို့ဆိုလာတဲ့ Lee Mi Joo

Posted on

Lovelyz ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ Lee Mi Joo ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ ဘောလုံးကစားသမား Cho Gue Sung နဲ့ဒိတ်တော့မယ်လို့ ပြောဆိုလာပါတယ်။


Lee Mi Joo ကတော့ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ Hangout with Yoo ရဲ့အစီအစဉ်မှာပါဝင်လာခဲ့ပြီး FIFA World Cup Qatar 2022 မှာ ခြေစွမ်းပြခဲ့တဲ့ အသက်(၂၄)နှစ်အရွယ် ဘောလုံးကစားသမား Cho Gue Sung အပေါ်သူ့ရဲ့စိတ်ဝင်စားမှုကိုဖော်ပြခဲ့ပါတယ်။ Lee Mi Joo ကတော့ “ဘာကြောင့်လဲတော့မသိဘူး Cho Gue Sung နဲ့အနာဂတ်မှာဒိတ်ဖြစ်မယ်လို့ ထင်နေမိတယ်” လို့ ပြောခဲ့တာပါ။

သူ့ရဲ့ပြောဆိုမှုကြောင့်အစီအစဉ်မှာပါဝင်တဲ့သူတချို့ကတော့ နောက်ပြောင်ခဲ့ကြပြီး Yoo Jae Suk ကတော့ သူ့ဘာသာလွတ်လပ်စွာတွေးနိုင်တယ် လို့ဆိုခဲ့ပါတယ်။ ဘောလုံးသမား Cho Gue Sung ကတော့ မော်ဒယ်လ် Ji Min Joo အပြင် Billlie အဖွဲ့ဝင် Haram ရဲ့အစ်မဖြစ်သူနဲ့လည်း ဒိတ်တင်ကောလာဟလတွေထွက်ခဲ့ဖူးပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ေဘာလုံးကစားသမား Cho Gue Sung နဲ႔ဒိတ္ေတာ့မယ္လို႔ဆိုလာတဲ့ Lee Mi Joo
Lovelyz ရဲ႕အဖြဲ႕ဝင္ျဖစ္ခဲ့ဖူးတဲ့ Lee Mi Joo ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ ေဘာလုံးကစားသမား Cho Gue Sung နဲ႔ဒိတ္ေတာ့မယ္လို႔ ေျပာဆိုလာပါတယ္။


Lee Mi Joo ကေတာ့ ဒီဇင္ဘာလ(၁၀)ရက္ေန႔မွာ Hangout with Yoo ရဲ႕အစီအစဥ္မွာပါဝင္လာခဲ့ၿပီး FIFA World Cup Qatar 2022 မွာ ေျခစြမ္းျပခဲ့တဲ့ အသက္(၂၄)ႏွစ္အ႐ြယ္ ေဘာလုံးကစားသမား Cho Gue Sung အေပၚသူ႔ရဲ႕စိတ္ဝင္စားမႈကိုေဖာ္ျပခဲ့ပါတယ္။ Lee Mi Joo ကေတာ့ “ဘာေၾကာင့္လဲေတာ့မသိဘူး Cho Gue Sung နဲ႔အနာဂတ္မွာဒိတ္ျဖစ္မယ္လို႔ ထင္ေနမိတယ္” လို႔ ေျပာခဲ့တာပါ။

သူ႔ရဲ႕ေျပာဆိုမႈေၾကာင့္အစီအစဥ္မွာပါဝင္တဲ့သူတခ်ိဳ႕ကေတာ့ ေနာက္ေျပာင္ခဲ့ၾကၿပီး Yoo Jae Suk ကေတာ့ သူ႔ဘာသာလြတ္လပ္စြာေတြးႏိုင္တယ္ လို႔ဆိုခဲ့ပါတယ္။ ေဘာလုံးသမား Cho Gue Sung ကေတာ့ ေမာ္ဒယ္လ္ Ji Min Joo အျပင္ Billlie အဖြဲ႕ဝင္ Haram ရဲ႕အစ္မျဖစ္သူနဲ႔လည္း ဒိတ္တင္ေကာလာဟလေတြထြက္ခဲ့ဖူးပါတယ္။