စီးရီးအသစ် Lee Doona မှာတွေ့ရမယ့် Suzy နဲ့ Yang Se Jong

Posted on

Anna ပြီးတဲ့နောက်မှာမင်းသမီးချော Suzy ကို ဇာတ်လမ်းတွဲအသစ်နဲ့တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ(၁၂)ရက်နေ့မှာတော့ Netflix က Suzy နဲ့ Yang Se Jongတို့ကို အဓိကဇာတ်ဆောင်တွေအဖြစ်ဇာတ်လမ်းတွအသစ်မှာပါဝင်လာမယ့်အကြောင်းကို အတည်ပြုခဲ့ပါတယ်။


ဒီနှစ်ရဲ့ဇူလိုင်လမှာကလည်းကရိုက်ကူးရေးလုပ်နေတဲ့သူတို့နှစ်ယောက်ကို မြင်တွေ့ခဲ့ရတဲ့ကြောင်းကို သတင်းတွေထွက်ရှိထားသေးတာပဲ ဖြစ်ပါတယ်။ Lee Doona ကတော့ ဖျော်ဖြေရေးနယ်ပယ်ကနေအနားယူလိုက်တဲ့လှပတဲ့အိုင်ဒေါတစ်ယောက်နဲ့ ကောလိပ်ကျောင်းသားတစ်ဦးတို့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ သူတို့တွေကတော့ Share house တစ်ခုမှာ အတူနေထိုင်ဖြစ်ကြမှာဖြစ်ပြီး ဘယ်လိုတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။


ဒီဇာတ်လမ်းမှာတော့ Suzy ဟာအမျိုးသမီးဇာတ်ဆောင် Lee Doona အဖြစ်ပါဝင်ပြီး မင်းသား Yang Se Jong ကတော့ အမျိုးသားဇာတ်ဆောင် Lee Wonjoonအဖြစ်ပါဝင်ထားတာပါ။ Lee Doona ကတော့ နာမည်ကြီး Webtoon တစ်ခုလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

စီးရီးအသစ္ Lee Doona မွာေတြ႕ရမယ့္ Suzy နဲ႔ Yang Se Jong
Anna ၿပီးတဲ့ေနာက္မွာမင္းသမီးေခ်ာ Suzy ကို ဇာတ္လမ္းတြဲအသစ္နဲ႔ေတြ႕ရဦးမွာပဲ ျဖစ္ပါတယ္။ ဒီဇင္ဘာလ(၁၂)ရက္ေန႔မွာေတာ့ Netflix က Suzy နဲ႔ Yang Se Jongတို႔ကို အဓိကဇာတ္ေဆာင္ေတြအျဖစ္ဇာတ္လမ္းတြအသစ္မွာပါဝင္လာမယ့္အေၾကာင္းကို အတည္ျပဳခဲ့ပါတယ္။


ဒီႏွစ္ရဲ႕ဇူလိုင္လမွာကလည္းက႐ိုက္ကူးေရးလုပ္ေနတဲ့သူတို႔ႏွစ္ေယာက္ကို ျမင္ေတြ႕ခဲ့ရတဲ့ေၾကာင္းကို သတင္းေတြထြက္ရွိထားေသးတာပဲ ျဖစ္ပါတယ္။ Lee Doona ကေတာ့ ေဖ်ာ္ေျဖေရးနယ္ပယ္ကေနအနားယူလိုက္တဲ့လွပတဲ့အိုင္ေဒါတစ္ေယာက္နဲ႔ ေကာလိပ္ေက်ာင္းသားတစ္ဦးတို႔အေၾကာင္းကို အေျခခံၿပီး႐ိုက္ကူးထားတာပါ။ သူတို႔ေတြကေတာ့ Share house တစ္ခုမွာ အတူေနထိုင္ျဖစ္ၾကမွာျဖစ္ၿပီး ဘယ္လိုေတြဆက္လက္ႀကဳံေတြ႕ရမလဲဆိုတာ ၾကည့္ရႈရမွာျဖစ္ပါတယ္။


ဒီဇာတ္လမ္းမွာေတာ့ Suzy ဟာအမ်ိဳးသမီးဇာတ္ေဆာင္ Lee Doona အျဖစ္ပါဝင္ၿပီး မင္းသား Yang Se Jong ကေတာ့ အမ်ိဳးသားဇာတ္ေဆာင္ Lee Wonjoonအျဖစ္ပါဝင္ထားတာပါ။ Lee Doona ကေတာ့ နာမည္ႀကီး Webtoon တစ္ခုလည္း ျဖစ္ပါတယ္။