Alchemy of Souls 2 ရဲ့အပိုင်း(၂)မှာများပြားတဲ့ ကြည့်ရှုနှုန်းတွေရရှိထားပြီး ကြည့်ရှုနှုန်းအများဆုံးဆိုတဲ့စံချိန်ကိုထိန်းသိမ်းထားတဲ့ Reborn Rich

Posted on

ဒီတစ်နှစ်အတွင်းမှာတော့ ဇာတ်လမ်းတွဲကောင်းများစွာကိုကြည့်ရှုခဲ့ရပြီး လက်ရှိပြသနေတဲ့ဇာတ်လမ်းတွဲတွေဟာလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုသိမ်းကြုံးယူထားနိုင်ပါတယ်။ ဒီဇင်လာလရဲ့ဒုတိယအပတ်မှာ tvN ရဲ့ Alchemy of Souls 2 နဲ့ JTBC ရဲ့ Reborn Rich တို့ဟာ လူကြည့်အများဆုံးစီးရီးတွေဖြစ်လာပါတယ်။


Song Joong Ki ပါဝင်ထားတဲ့ဒရမ်မာကတော့ ကြည့်ရှုနှုန်း (၂၀%) ကနေ (၂၁.၂%) အထိရှိလာတယ်လို့ Nielsen Korea ကဆိုပါတယ်။ ဒီနှစ်အတွင်းမှာကြည့်ရှုမှုအများဆုံးစံချိန်ရရှိထားတဲ့ Reborn Rich ကတော့ ကြည့်ရှုနှုန်းတွေဆက်လက်တိုးတက်ဆဲလည်း ဖြစ်ပါတယ်။ tvN ရဲ့ Alchemy of Souls 2 ကလည်းပဲ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာရရှိထားပြီး ကြည့်ရှုနှုန်း(၇.၇%) အထိရရှိနေတာပဲ ဖြစ်ပါတယ်။


Good Data Corporation ကတော့ ဒီဇင်ဘာလ ပထမအပတ်ရဲ့ရေပန်းအစားဆုံးဒရမ်မာတွေစာရင်းမှာတော့ Reborn Rich က ထိပ်ဆုံးမှာရှိနေခဲ့ပြီး Alchemy of Souls 2 ကတော့ နံပါတ်(၅)နေရာမှာ ရှိနေခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




