(၂၀၂၂)ခုနှစ်အတွင်းမှာ တစ်ကိုယ်တော်အနေနဲ့ ကြော်ငြာရိုက်ကူးမှုအများဆုံး အမျိုးသမီးအိုင်ဒေါတစ်ယောက်ဖြစ်လာတဲ့ Jennie

Posted on

Jennie ကတော့ BLACKPINK အဖွဲ့နဲ့အတူ လူသိများသလို ထူးချွန်တဲ့အနုပညာအရည်အသွေးတွေကြောင့်လည်း ပေါ်ပြူလာဖြစ်တဲ့သူပါ။ Jennie ကိုတော့ အမိုက်စားအဆိုတော်ရက်ပ်ပါတစ်ယောက်အနေနဲ့သိကြသလို ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း နာမည်ကျော်တဲ့သူအဖြစ်အသိအမှတ်ပြုထားကြတာပါ။


သူကတော့ HBO ရုပ်သံလိုင်းရဲ့ The Idol စီးရီးနဲ့သရုပ်ဆောင်အဖြစ်ပွဲဦးထွက်မှာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုလည်းခံနေရတာဖြစ်ပြီး (၂၀၂၂) ခုနှစ်အတွင်းမှာ ကြော်ငြာများစွာရိုက်ကူးခဲ့ခြင်းဖြင့်လည်း သူ့ရဲရေပန်းစားမှုကိုပြသနိုင်ခဲ့ပါတယ်။ သူကတော့ဖက်ရှင်အမှတ်တံဆိပ်တွေကနေ နေ့စဉ်သုံးထုတ်ကုန်တွေအထိ representative အဖြစ် ရွေးချယ်ခြင်းခံရတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။


Chanel ၊ Porsche နဲ့ Calvin Klein လို ကမ္ဘာကျော်အမှတ်တံဆိပ်အပါအဝင် အမှတ်တံဆိပ်(၁၀) ခုရဲ့ကြော်ငြာတွေမှာပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကြော်ငြာတွေကတော့ တခြားသော BLACKPINK အဖွဲ့ဝင်တွေနဲ့မဟုတ်ဘဲ တစ်ကိုယ်တည်းရိုက်ကူးထားတာတွေသာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




