BTS အဖွဲ့ဝင် Jin ကတော့ ဒီဇင်ဘာလ(၁၃)ရက်နေ့မှာစစ်မှုထမ်းဆောင်ခြင်းစတင်ပြီပဲ ဖြစ်ပါတယ်။ အခြားသော BTS အဖွဲ့ဝင် (၆)ဦးကတော့ အနက်ရောက်ကား(၆)စီးနဲ့အတူ စစ်တပ်ရဲ့လူသစ်လေ့ကျင့်ရေးစင်တာကိုလိုက်ပို့ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်မှုထမ်းဆောင်မယ့်နေ့မှာတော့ လူ(၅၀)ထက်မပိုတဲ့သူတွေကလာရောက်ခဲ့ကြတာဖြစ်ပြီး Jin ကတော့ ဒီလိုနေ့မှာ သူ့ကိုလာရောက်နှုတ်ဆက်ဖို့ထက် မိသားစုတွေနဲ့အတူအိမ်မှာနေကြဖို့ တောင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သတင်းထောက်တွေကတော့ လေ့ကျင့်ရေးစင်တာရဲ့ဝင်ပေါက်မှာစောင့်ဆိုင်းနေခဲ့ပြီး Jin ရဲ့ပုံရိပ်ကိုရိုက်ကူးဖို့မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ်။
ပြောထားတဲ့အတိုင်း Jin ကတော့ နှုတ်ဆက်ခြင်းတို့ အင်တာဗျူးတို့မလုပ်ခဲ့ဘဲ လေ့ကျင်းရေးစင်တာထဲကိုကားနဲ့တိုက်ရိုက်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ သူကတော့ စစ်မှုမထမ်းဆောင်ခင် အခြေခံလေ့ကျင်းရေးကို(၅)ပတ်ကြာလုပ်ဆောင်မှာဖြစ်ပြီး စစ်မှုထမ်းတာဝန်ဟာ (၂၀၂၄)ခုနှစ်ဇွန်(၁၂)မှာပြီးဆုံးမယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
စစ်မှုထမ်းရန်စတင်တော့မည့် Jin ကို လိုက်ပို့ခဲ့ကြတဲ့ BTS အဖွဲ့ဝင်များ