ကိုယ်ဝန်ပျက်ကျခဲ့ဖူးတဲ့အကြောင်းကို ပြောပြခဲ့တဲ့မင်းသမီး Han Ga In

Posted on

မင်းသမီး Han Ga In ကိုတော့ ထူးခြားလှတဲ့ရုပ်ရည်ပိုင်ဆိုင်သူအဖြစ်သတ်မှတ်ကြပြီး အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်သိကြမှာပါ။ နာမည်ကျော်မင်းသား Yeon Jung Hoon နဲ့လည်းလက်ထပ်ထားတဲ့ Han Ga In ကတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကျဲသွားတာ့မယ့် တီဗွီအစီအစဉ်တချို့မှာပါဝင်လာတာပဲ ဖြစ်ပါတယ်။


သူကတော့ လက်ရှိကလေးနှစ်ယောက်မိခင်အဖြစ်ရှိနေတာဖြစ်ပြီး သားသမီးတွေကိုစောင့်ရှောက်ရာမှာပူလောင်မှုတွေခံစားရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးပြောပြခဲ့တာပါ။ Handless Day အစီအစဉ်ရဲ့အပိုင်းသစ်မှာတော့ Han Ga In ဟာ ဒုတိယကလေးကိုမွေးဖွားစဉ်မှာ အရမ်းကိုအားနည်းနေပေမဲ့ ကိုယ်တိုင်ကလိုချင်တာကြောင့် မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးတွေ တစ်နှစ်ကနေ (၂) နှစ်ကြာတဲ့အထိတိုင်အောင်စိုးရိမ်ပူပန်စိတ်တွေရှိနေတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။


မင်းသမီးကတော့ သူ့ရဲ့ဘဝမှာ ကိုယ်ဝန်ဆောင်တာ(၈)ပတ်မြောက်အထိရောက်လာခဲ့ပြီးမှ ကိုယ်ဝန်ပျက်ကျမှု (၃) ခါကြုံခဲ့ရဖူးတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ အခုဆိုရင်တော့ နာကျင်ခံစားခဲ့ရတာတွေက healing ဖြစ်လာပြီဖြစ်ပြီး ရိုးသားစွာနဲ့သူ့ရဲ့အကြောင်းတွေကို တီဗွီအစီအစဉ်တွေမှာမျှဝေနိုင်ပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ Han Ga In နဲ့ Yeon Jung Hoon တို့ဇနီးမောင်နှံဟာ ကလေး(၂) ဦးရဲ့မိဘတွေဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကိုယ္ဝန္ပ်က္က်ခဲ့ဖူးတဲ့အေၾကာင္းကို ေျပာျပခဲ့တဲ့မင္းသမီး Han Ga In
မင္းသမီး Han Ga In ကိုေတာ့ ထူးျခားလွတဲ့႐ုပ္ရည္ပိုင္ဆိုင္သူအျဖစ္သတ္မွတ္ၾကၿပီး ေအာင္ျမင္တဲ့မင္းသမီးတစ္လက္အျဖစ္သိၾကမွာပါ။ နာမည္ေက်ာ္မင္းသား Yeon Jung Hoon နဲ႔လည္းလက္ထပ္ထားတဲ့ Han Ga In ကေတာ့ ႐ုပ္ရွင္႐ိုက္ကူးမႈေတြက်ဲသြားတာ့မယ့္ တီဗြီအစီအစဥ္တခ်ိဳ႕မွာပါဝင္လာတာပဲ ျဖစ္ပါတယ္။


သူကေတာ့ လက္ရွိကေလးႏွစ္ေယာက္မိခင္အျဖစ္ရွိေနတာျဖစ္ၿပီး သားသမီးေတြကိုေစာင့္ေရွာက္ရာမွာပူေလာင္မႈေတြခံစားရတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီးေျပာျပခဲ့တာပါ။ Handless Day အစီအစဥ္ရဲ႕အပိုင္းသစ္မွာေတာ့ Han Ga In ဟာ ဒုတိယကေလးကိုေမြးဖြားစဥ္မွာ အရမ္းကိုအားနည္းေနေပမဲ့ ကိုယ္တိုင္ကလိုခ်င္တာေၾကာင့္ ေမြးဖြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကေလးေတြ တစ္ႏွစ္ကေန (၂) ႏွစ္ၾကာတဲ့အထိတိုင္ေအာင္စိုးရိမ္ပူပန္စိတ္ေတြရွိေနတဲ့အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။


မင္းသမီးကေတာ့ သူ႔ရဲ႕ဘဝမွာ ကိုယ္ဝန္ေဆာင္တာ(၈)ပတ္ေျမာက္အထိေရာက္လာခဲ့ၿပီးမွ ကိုယ္ဝန္ပ်က္က်မႈ (၃) ခါႀကဳံခဲ့ရဖူးတယ္ဆိုတာကို ဝန္ခံခဲ့ပါတယ္။ အခုဆိုရင္ေတာ့ နာက်င္ခံစားခဲ့ရတာေတြက healing ျဖစ္လာၿပီျဖစ္ၿပီး ႐ိုးသားစြာနဲ႔သူ႔ရဲ႕အေၾကာင္းေတြကို တီဗြီအစီအစဥ္ေတြမွာမွ်ေဝႏိုင္ၿပီလို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ Han Ga In နဲ႔ Yeon Jung Hoon တို႔ဇနီးေမာင္ႏွံဟာ ကေလး(၂) ဦးရဲ႕မိဘေတြျဖစ္ပါတယ္။