Money Heist Korea မင်းသမီး Jeon Jong Seo လက်ထပ်သွားပြီလား

Posted on

မင်းသမီး Jeon Jong Seo ကိုတော့ Money Heist Korea: Joint Economic Area စီးရီးမှာ တိုကျိုအဖြစ်ပါဝင်ထားတဲ့ဇာတ်ရုပ်နဲ့လူသိများပါတယ်။ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အခုရက်ပိုင်းမှာပရိသတ်တွေကြားလူပြောများနေခဲ့တာ ဖြစ်ပါတယ်။


သူကတော့ မကြာသေးခင်က ကာလကြာရှည်တွဲလာခဲ့ချစ်သူ Lee Chung Hyun နဲ့ရိုက်ကူးထားတဲ့ပုံပိုစ့်တင်ခဲ့တာကြောင့် ပရိသတ်တွေစိတ်ဝင်စားခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ရှော့ပင်းစင်တာတစ်ခုက ဆိုင်မှာထိုင်နေပုံရပါတယ်။ ဒီပုံကိုတွေ့မြင်ပြီးတဲ့နောက်ပရိသတ်တွေကတော့ မင်းသမီးရဲ့ချစ်သူကိုစိတ်ဝင်စားနေခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ The Call ဇာတ်ကားမှာ ဒါရိုက်တာနဲ့မင်းသမီးအဖြစ်အလုပ်အတူတွဲလုပ်ခဲ့ပြီးနောက်ချစ်ကြိုက်ခဲ့ကြပြီး (၂၀၂၁) ခုနှစ်မှာလူသိရှင်ကြားစတင်တွဲခဲ့ကြတာပါ။


သူတို့နှစ်ဦးကတော့ လက်ရှိမှာလက်ထပ်ဖို့အစီအစဉ်မရှိသေးဘဲ အလုပ်ကိုသာအာရုံစိုက်ချင်ကြတာပဲ ဖြစ်ပါတယ်။ မင်းသမီးကတော့ Money Heist ရဲ့ Part 2 နဲ့အတူပရိသတ်တွေဆီကိုပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ Part 2 ကတော့ မျှော်မှန်းထားသလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။
Zawgyi ဖြင့်ဖတ်ရန်




