သိုင်းရွိုက်ကင်ဆာကုသပြီးနောက် ပထမဆုံးအနေနဲ့လူထုအရှေ့ထွက်ပေါ်လာတဲ့ မင်းသမီး Park So Dam

Posted on

ချစ်စရာကောင်းတဲ့မင်းသမီးချောလေး Park So Dam ကို ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ သူကတော့ သိုင်းရွိုက်ကင်ဆာကုသပြီးနောက် ပရိသတ်တွေနဲ့ Phantom ရုပ်ရှင်ကားရဲ့ press conference မှာ ပထမဆုံးပြန်လည်ထွက်ပေါ်လာခဲ့တာပါ။


ဒီပွဲမှာတော့ မင်းသမီးနဲ့အတူ ရုပ်ရှင်ဒါရိုက်တာ အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Sol Kyung Gu ၊Park Hae Soo ၊ Lee Honey နဲ့ Seo Hyun Woo တို့ကတက်ရောက်ခဲ့ပါတယ်။ မင်းသမီးကတော့ မနှစ်ကဒီဇင်ဘာလမှာ သိုင်းရွိုက်ကင်ဆာရောဂါကိုခံစားခဲ့ရပြီး ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။ မင်းသမီးကတော့ ပရိသတ်တွေကို စိတ်ရောရုပ်ပါကျန်းမာအောင်နေဖို့ပြောခဲ့ပေမယ့် ကိုယ်တိုင်က ကတိမတည်ခဲ့သလိုခံစားရကြောင်း ပြောခဲ့ပါတယ်။


“မနှစ်ကဒီလိုအချိန်မှာအသံကိုဆုံးရှုံးသွားပြီး ခွဲစိတ်မှုပြီးနောက် အိပ်ယာထဲမှာနေခဲ့ရတယ်။ ဒီနှစ်ပိတ်ရက်ကတော့ အရမ်းကိုကွဲပြားသွားပါပြီ။ အားလုံးနဲ့ကျန်းကျန်းမာမာတွေ့ရတာကြောင့် အရမ်းကိုပျော်ပါတယ်။ ရိုးသားစွာဝန်ခံရရင်စိတ်လှုပ်ရှားတာကြောင့်လက်တွေက ချွေးတွေထွက်နေပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တွေနဲ့ဒါရိုက်တာကိုပြန်တွေ့ရတာကြောင့်လည်း ပျော်ရွှင်ရပါတယ်။ ဒါက အသစ်တစ်ခုစသလိုပဲ ခံစားရပါတယ်” ဆိုပြီးပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

သိုင္း႐ြိဳက္ကင္ဆာကုသၿပီးေနာက္ ပထမဆုံးအေနနဲ႔လူထုအေရွ႕ထြက္ေပၚလာတဲ့ မင္းသမီး Park So Dam
ခ်စ္စရာေကာင္းတဲ့မင္းသမီးေခ်ာေလး Park So Dam ကို ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔အတူ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ သိုင္း႐ြိဳက္ကင္ဆာကုသၿပီးေနာက္ ပရိသတ္ေတြနဲ႔ Phantom ႐ုပ္ရွင္ကားရဲ႕ press conference မွာ ပထမဆုံးျပန္လည္ထြက္ေပၚလာခဲ့တာပါ။


ဒီပြဲမွာေတာ့ မင္းသမီးနဲ႔အတူ ႐ုပ္ရွင္ဒါ႐ိုက္တာ အျခားသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Sol Kyung Gu ၊Park Hae Soo ၊ Lee Honey နဲ႔ Seo Hyun Woo တို႔ကတက္ေရာက္ခဲ့ပါတယ္။ မင္းသမီးကေတာ့ မႏွစ္ကဒီဇင္ဘာလမွာ သိုင္း႐ြိဳက္ကင္ဆာေရာဂါကိုခံစားခဲ့ရၿပီး ခြဲစိတ္မႈျပဳလုပ္ခဲ့ရပါတယ္။ မင္းသမီးကေတာ့ ပရိသတ္ေတြကို စိတ္ေရာ႐ုပ္ပါက်န္းမာေအာင္ေနဖို႔ေျပာခဲ့ေပမယ့္ ကိုယ္တိုင္က ကတိမတည္ခဲ့သလိုခံစားရေၾကာင္း ေျပာခဲ့ပါတယ္။


“မႏွစ္ကဒီလိုအခ်ိန္မွာအသံကိုဆုံးရႈံးသြားၿပီး ခြဲစိတ္မႈၿပီးေနာက္ အိပ္ယာထဲမွာေနခဲ့ရတယ္။ ဒီႏွစ္ပိတ္ရက္ကေတာ့ အရမ္းကိုကြဲျပားသြားပါျပီ။ အားလုံးနဲ႔က်န္းက်န္းမာမာေတြ႕ရတာေၾကာင့္ အရမ္းကိုေပ်ာ္ပါတယ္။ ႐ိုးသားစြာဝန္ခံရရင္စိတ္လႈပ္ရွားတာေၾကာင့္လက္ေတြက ေခြၽးေတြထြက္ေနပါတယ္။ ဒါေပမဲ့ သ႐ုပ္ေဆာင္ေတြနဲ႔ဒါ႐ိုက္တာကိုျပန္ေတြ႕ရတာေၾကာင့္လည္း ေပ်ာ္႐ႊင္ရပါတယ္။ ဒါက အသစ္တစ္ခုစသလိုပဲ ခံစားရပါတယ္” ဆိုၿပီးေျပာျပခဲ့ပါတယ္။