မင်းသမီး Kim Go Eun နဲ့ ဘောလုံးကစားသမား Son Heung Min တို့ရဲ့ဒိတ်တင်သတင်းကိုငြင်းဆိုခဲ့

Posted on

ပရိသတ်တွေချစ်ရတဲ့မင်းသမီးချောလေး Kim Go Eun ကတော့ ဘောလုံးကစားသမား Son Heung Min နဲ့ဒိတ်နေတယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး မင်းသမီးရဲ့အေဂျင်စီကတော့ ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။


ဒီသတင်းကတော့ Kim Go Eun ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ Son Heung Min ကို follow လုပ်ထားတာကြောင့် စတင်ထွက်ပေါ်လာခဲ့တာပါ။ ဒါ့အပြင် FIFA World Cup Qatar 2022 ပွဲမှာလည်း မင်းသမီးရဲ့အေဂျင်စီဟာ Son Heung Min ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur ကို follow လုပ်ထားတာကြောင့်လည်း ဖြစ်ပါတယ်။


မင်းသမီးရဲ့အေဂျင်စီကတော့ ဒိတ်တင်သတင်းဟာမှားယွင်းကြောင်းနဲ့ သူတို့နှစ်ဦးဟာတစ်ခါမှဆုံတွေ့ဖူးခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ မင်းသမီး Kim Go Eun ကတော့ Hero ဇာတ်ကားမှာပါဝင်ထားတာဖြစ်ပြီး ဒီဇာတ်ကားကိုဒီဇင်ဘာလ(၂၁)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့လည်း သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မင္းသမီး Kim Go Eun နဲ႔ ေဘာလုံးကစားသမား Son Heung Min တို႔ရဲ႕ဒိတ္တင္သတင္းကိုျငင္းဆိုခဲ့
ပရိသတ္ေတြခ်စ္ရတဲ့မင္းသမီးေခ်ာေလး Kim Go Eun ကေတာ့ ေဘာလုံးကစားသမား Son Heung Min နဲ႔ဒိတ္ေနတယ္ဆိုၿပီး သတင္းေတြထြက္ရွိေနတာပါ။ ဒီသတင္းနဲ႔ပတ္သက္ၿပီး မင္းသမီးရဲ႕ေအဂ်င္စီကေတာ့ ျငင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။


ဒီသတင္းကေတာ့ Kim Go Eun ဟာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ Son Heung Min ကို follow လုပ္ထားတာေၾကာင့္ စတင္ထြက္ေပၚလာခဲ့တာပါ။ ဒါ့အျပင္ FIFA World Cup Qatar 2022 ပြဲမွာလည္း မင္းသမီးရဲ႕ေအဂ်င္စီဟာ Son Heung Min ရဲ႕အသင္းျဖစ္တဲ့ Tottenham Hotspur ကို follow လုပ္ထားတာေၾကာင့္လည္း ျဖစ္ပါတယ္။


မင္းသမီးရဲ႕ေအဂ်င္စီကေတာ့ ဒိတ္တင္သတင္းဟာမွားယြင္းေၾကာင္းနဲ႔ သူတို႔ႏွစ္ဦးဟာတစ္ခါမွဆုံေတြ႕ဖူးျခင္းမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ မင္းသမီး Kim Go Eun ကေတာ့ Hero ဇာတ္ကားမွာပါဝင္ထားတာျဖစ္ၿပီး ဒီဇာတ္ကားကိုဒီဇင္ဘာလ(၂၁)ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔လည္း သိရပါတယ္။