The Negotiation ဇာတ်ကားမှာ Son Ye Jin နဲ့ ဒိတ်ခဲ့သလားဆိုတဲ့မေးခွန်းကို ဖြေခဲ့တဲ့ Hyun Bin

Posted on

မင်းသား Hyun Bin ကတော့ ရုပ်ရှင်ဇာတ်ကားသစ် The Point Men နဲ့ ပရိသတ်တွေဆီကိုပြန်လာဦးမှာပါ။ ဒီဇာတ်ကားရဲ့ Press Conference ပွဲကိုကျင်းပခဲ့တာဖြစ်ပြီး အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Hwang Jung Min နဲ့ Kang Ki Yang တို့လည်းပါဝင်ထားတာဖြစ်ပါတယ်။


သတင်းထောက်တွေကတော့ ဒီဇာတ်ကားမှာပါဝင်ဖို့အတွက်ဇနီးဖြစ်သူက Hyun Bin ကို အကြံညဏ်ပေးတာမျိုးတွေရှိလားဆိုပြီး မေးမြန်းခဲ့ပါတယ်။ Hyun Bin ကတော့ The Negotiation ဇာတ်ကားမှာ ပြန်ပေးဆွဲသူနေရာကနေပါဝင်ခဲ့ပါတယ် လို့အစချီပြောနေချိန်မှာပဲ မင်းသား Hwang Jung Min ကတော့ သူနဲ့ The Negotiation ဇာတ်ကားရိုက်နေတုန်းက ချိန်းတွေ့ခဲ့တာမျိုးရှိသလား ဆိုပြီးကြားဖြတ်မေးခဲ့တာပါ။


Hyun Bin ကတော့ ရယ်မောပြီး “အဲ့ဒီအချိန်တုန်းကတော့ချိန်းတွေ့တာမျိုးမလုပ်ခဲ့ပါဘူး။ ရုတ်တရက်တော့ မင်းကို သတင်းထောက်လို့ထင်မိသွားတယ်”ဆိုပြီး အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်းသတင်းထောက်တွေမေးခွန်းအပေါ်မှာ “The Point Men ဇာတ်ကားမှာတော့ လုံးဝကွဲပြားတဲ့ဇာတ်ရုပ်ကိုသရုပ်ဆောင်တာပါ။ ဇနီးကတော့ အကြံညဏ်ပေးတာမျိုးလုပ်ခဲ့တာမရှိဘူး”လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




