Vigilante ဒရမ်မာကိုရိုက်ကူးပြီးစီးသွားတဲ့နောက် စစ်မှုထမ်းဆောင်ဖို့နီးလာပြီဖြစ်တဲ့မင်းသား Nam Joo Hyuk

Posted on

ပရိသတ်တွေချစ်တဲ့မင်းသားချော Nam Joo Hyuk ကတော့ စစ်မှုမထမ်းဆောင်ခင်မှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မင်းသားကတော့ လက်ရှိမှာ Vigilante ဆိုတဲ့ဒရမ်မာကိုရိုက်ကူးပြီးစီးထားတာဖြစ်ပြီး နောက်ထပ်အလုပ်တွေလက်ခံထားတာ မရှိပါဘူး။


Vigilante ဒရမ်မာဇာတ်ကားကတော့ ရဲသင်တန်းကျောင်းတစ်ခုမှာတက်ရောက်နေတဲ့လူငယ်လေးတစ်ယောက်အကြောင်းဖြစ်ပြီး သူ့ရဲ့မိခင်ဖြစ်သူကတော့လူဆိုးဂိုဏ်းတစ်ခုကြောင့်သေဆုံးသွားခဲ့ရတဲ့အကြောင်းအရာပေါ်မှာအခြေခံထားတာပါ။ မိခင်ကိုဆုံးရှုံးခဲ့တဲ့ကောင်လေးကတော့ ရဲ့အရာရှိတစ်ဦးဖြစ်လာပြီးတော့ ရာဇဝတ်ကောင်တွေကို သတ်ဖြတ်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။


ဒီဒရမ်မာမှာအဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Nam Joo Hyuk ကတော့ ဒီနှစ်အတွင်းမှာ စစ်မှုထမ်းဆောင်မှုစတင်မယ်လို့သိရပါတယ်။ ဒီဇင်ဘာလမှာစတင်စစ်မှုထမ်းဆောင်ဖို့စီစဉ်ထားတယ်လို့လည်း အေဂျင်စီကြေညာထားတာဖြစ်ပြီး ဒီအတွက်လည်းစောင့်ဆိုင်းနေတယ်လို့ယူဆရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Vigilante ဒရမ္မာကို႐ိုက္ကူးၿပီးစီးသြားတဲ့ေနာက္ စစ္မႈထမ္းေဆာင္ဖို႔နီးလာၿပီျဖစ္တဲ့မင္းသား Nam Joo Hyuk
ပရိသတ္ေတြခ်စ္တဲ့မင္းသားေခ်ာ Nam Joo Hyuk ကေတာ့ စစ္မႈမထမ္းေဆာင္ခင္မွာ အႏုပညာအလုပ္ေတြဆက္တိုက္လုပ္ခဲ့တာလည္း ျဖစ္ပါတယ္။ မင္းသားကေတာ့ လက္ရွိမွာ Vigilante ဆိုတဲ့ဒရမ္မာကို႐ိုက္ကူးၿပီးစီးထားတာျဖစ္ၿပီး ေနာက္ထပ္အလုပ္ေတြလက္ခံထားတာ မရွိပါဘူး။


Vigilante ဒရမ္မာဇာတ္ကားကေတာ့ ရဲသင္တန္းေက်ာင္းတစ္ခုမွာတက္ေရာက္ေနတဲ့လူငယ္ေလးတစ္ေယာက္အေၾကာင္းျဖစ္ၿပီး သူ႔ရဲ႕မိခင္ျဖစ္သူကေတာ့လူဆိုးဂိုဏ္းတစ္ခုေၾကာင့္ေသဆုံးသြားခဲ့ရတဲ့အေၾကာင္းအရာေပၚမွာအေျခခံထားတာပါ။ မိခင္ကိုဆုံးရႈံးခဲ့တဲ့ေကာင္ေလးကေတာ့ ရဲ႕အရာရွိတစ္ဦးျဖစ္လာၿပီးေတာ့ ရာဇဝတ္ေကာင္ေတြကို သတ္ျဖတ္တဲ့သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။


ဒီဒရမ္မာမွာအဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ထားတဲ့ Nam Joo Hyuk ကေတာ့ ဒီႏွစ္အတြင္းမွာ စစ္မႈထမ္းေဆာင္မႈစတင္မယ္လို႔သိရပါတယ္။ ဒီဇင္ဘာလမွာစတင္စစ္မႈထမ္းေဆာင္ဖို႔စီစဥ္ထားတယ္လို႔လည္း ေအဂ်င္စီေၾကညာထားတာျဖစ္ၿပီး ဒီအတြက္လည္းေစာင့္ဆိုင္းေနတယ္လို႔ယူဆရပါတယ္။