ချစ်စရာကောင်းတဲ့ဆန်တာဝတ်စုံဝတ်ဆင်ပြီး Last Christmas သီချင်းနဲ့ဖျော်ဖြေကာပရိသတ်ကိုအံ့အားသင့်စေခဲ့တဲ့ BLACKPINK

(၄)နှစ်ကြာပြီးနောက် BLACKPINK အဖွဲ့ဝင်တွေကို ဆန်တာဝတ်စုံနဲ့ပရိသတ်တွေက ပြန်လည်မြင်တွေ့ခဲ့ရပါပြီ။ လက်ရှိမှာတော့ BLACKPINK အဖွဲ့ဟာ World Tour နဲ့အတူဥရောပမှာဖျော်ဖြေမှုပြုလုပ်နေတာလည်းဖြစ်ပါတယ်။


ဥရောပမှာဖျော်ဖြေမှုလုပ်နေတဲ့ BLACKPINK ကတော့ မကြာသေးခင်က အမ်စတာဒမ်မှာကျင်းပခဲ့တဲ့ဖျော်ဖြေပွဲမှာ ချစ်စရာကောင်းတဲ့ဆန်တာဝတ်စုံကိုဝတ်ဆင်ပြီး Last Christmas သီချင်းကိုဖျော်ဖြေကာပရိသတ်တွေကို ခရစ္စမတ်လက်ဆောင်ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ အခုလိုခရစ္စမတ်လက်ဆောင်အတွက် ပျော်ရွှင်ပြီးအံ့အားသင့်နေကြတာလည်း ဖြစ်ပါတယ်။


ဒါကတော့ (၂၀၁၈) ခုနှစ်က Japan Arena Tour ကျင်းပခဲ့စဉ်က ဆန်တာဝတ်စုံနဲ့ဖျော်ဖြေပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ပရိသတ်ကိုအခုလိုအံ့အားသင့်စရာကောင်းတဲ့လက်ဆောင်ကိုစီစဉ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ BLACKPINK ကတော့ အာရှဘက်ကပရိသတ်တွေအတွက်လည်း ဘယ်လိုအံ့အားသင့်စရာတွေကိုစီစဉ်ပေးထားဦးမလဲနော်။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x