မင်းသားချော Cha Eun Woo ရဲ့ Island ဒရမ်မာသစ်ဟာထွက်ရှိလာတော့မှာဖြစ်ပြီး ဒရမ်မာရဲ့ Press Conference ပွဲကိုမကြာသေးခင်ကပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အတူပါဝင်သရုပ်ဆောင်ထားတဲ့ အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Kim Nam Gil ၊ Lee Da Hee နဲ့ Sung Joon တို့ကလည်း တက်ရောက်ခဲ့ပါတယ်။
ဒီဒရမ်မာမှာ မင်းသား Cha Eun Woo ကတော့ ပထမဆုံးအနေနဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေကိုရိုက်ကူးရမှာဖြစ်သလို အီတလီနဲ့လက်တင်ဘာသာတွေနဲ့ပြောဆိုရတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ သူကတော့ ဒီဇာတ်လမ်းမှာ ခရစ်ယာန်ဘုန်းတော်ကြီးနေရာကနေပါဝင်ထားပါတယ်။ အပြင်မှာတော့ မင်းသားဟာပျော်ရွှင်တက်ကြွတဲ့သူဖြစ်ပေမယ့် ဇာတ်ရုပ်အရ နာကျင်စရာတွေကြောင့် မာကြောခက်ထန်တဲ့သူတစ်ယောက်ရဲ့စိတ်ဓာတ်မျိုးကိုသွင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါရိုက်တာဖြစ်သူကတော့ ဒီဇာတ်ကားမှာ Cha Eun Wooဟာ ဇာတ်ဝင်ခန်းထဲမှာအီတလီလိုကောင်းမွန်စွာသင်ယူပြောဆိုခဲ့ပြီးတော့ အီတလီလူမျိုးတစ်ယောက်ကိုမေးတဲ့အခါမှာတော့ တစ်လုံးမှနားမလည်ဘူးလို့မှတ်ချက်ပေးခံခဲ့ရတဲ့အကြောင်းကို ပြောဆိုရယ်မောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ဝင်ခန်းကိုပြန်လည်ရိုက်ကူးခဲ့ပြီး Cha Eun Woo ဟာသင်ယူတတ်မြောက်မှုမြန်တဲ့သူလို့ ဒါရိုက်တာကဆိုပါတယ်။ Island ဟာ ဒီဇင်ဘာ(၃၀)မှာစတင်ပြသသွားမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Cha Eun Woo ရဲ႕ အီတလီစကားေျပာရတဲ့ဇာတ္ဝင္ခန္းဟာ အီတလီတစ္ေယာက္ကိုလုံးဝနားမလည္ႏိုင္ျဖစ္ေစခဲ့တဲ့အေၾကာင္းကိုဟာသေႏွာၿပီးေျပာဆိုခဲ့တဲ့ ဒါ႐ိုက္တာ
မင္းသားေခ်ာ Cha Eun Woo ရဲ႕ Island ဒရမ္မာသစ္ဟာထြက္ရွိလာေတာ့မွာျဖစ္ၿပီး ဒရမ္မာရဲ႕ Press Conference ပြဲကိုမၾကာေသးခင္ကျပဳလုပ္ခဲ့ပါတယ္။ ဒီပြဲမွာေတာ့ အတူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အျခားသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Kim Nam Gil ၊ Lee Da Hee နဲ႔ Sung Joon တို႔ကလည္း တက္ေရာက္ခဲ့ပါတယ္။
ဒီဒရမ္မာမွာ မင္းသား Cha Eun Woo ကေတာ့ ပထမဆုံးအေနနဲ႔အက္ရွင္ဇာတ္ဝင္ခန္းေတြကို႐ိုက္ကူးရမွာျဖစ္သလို အီတလီနဲ႔လက္တင္ဘာသာေတြနဲ႔ေျပာဆိုရတဲ့ ဇာတ္ဝင္ခန္းေတြပါဝင္ပါတယ္။ သူကေတာ့ ဒီဇာတ္လမ္းမွာ ခရစ္ယာန္ဘုန္းေတာ္ႀကီးေနရာကေနပါဝင္ထားပါတယ္။ အျပင္မွာေတာ့ မင္းသားဟာေပ်ာ္႐ႊင္တက္ႂကြတဲ့သူျဖစ္ေပမယ့္ ဇာတ္႐ုပ္အရ နာက်င္စရာေတြေၾကာင့္ မာေၾကာခက္ထန္တဲ့သူတစ္ေယာက္ရဲ႕စိတ္ဓာတ္မ်ိဳးကိုသြင္းခဲ့ရတယ္လို႔ ဆိုပါတယ္။
ဒါ႐ိုက္တာျဖစ္သူကေတာ့ ဒီဇာတ္ကားမွာ Cha Eun Wooဟာ ဇာတ္ဝင္ခန္းထဲမွာအီတလီလိုေကာင္းမြန္စြာသင္ယူေျပာဆိုခဲ့ၿပီးေတာ့ အီတလီလူမ်ိဳးတစ္ေယာက္ကိုေမးတဲ့အခါမွာေတာ့ တစ္လုံးမွနားမလည္ဘူးလို႔မွတ္ခ်က္ေပးခံခဲ့ရတဲ့အေၾကာင္းကို ေျပာဆိုရယ္ေမာခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒီဇာတ္ဝင္ခန္းကိုျပန္လည္႐ိုက္ကူးခဲ့ၿပီး Cha Eun Woo ဟာသင္ယူတတ္ေျမာက္မႈျမန္တဲ့သူလို႔ ဒါ႐ိုက္တာကဆိုပါတယ္။ Island ဟာ ဒီဇင္ဘာ(၃၀)မွာစတင္ျပသသြားမွာ ျဖစ္ပါတယ္။